Trending Now

ဖားကန့် မြို့ပေါ်ရှိ ရွှေဆိုင်တစ်ခု ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၅၀၀ လုယူခံရ

Spread the love

ဖားကန့် မြို့ပေါ်ရှိ ရွှေဆိုင်တစ်ခု ဓားပြတိုက်ခံရပြီး ကျပ်သိန်း ၅၀၀ လုယူခံရ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်ကျေးရွာ လမ်းမကြီးဘေးရှိ ရွှေဆိုင်တစ်ခုတွင် စက်တင်ဘာလ ၁၅ရက်နေ့ ညနေ (၄)နာရီခန့်က လက်နက်ကိုင်အမည်မသိလူငယ် (၅)ဦးမှ သေနတ်ဖြင့်ထောက်ကာ ရွှေဆိုင်မှ ကျပ်သိန်းငါးရာကို ဓားပြတိုက် ထွက်ပြေးသွားခဲ့ကြောင်း အနီးအနားရှိဒေသခံများထံမှသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ညနေပိုင်း ၅ နာရီခန့်က ဖားကန့်မြို့ပေါ်ရှိ (ဝေဖြိုးအောင်ရွှေဆိုင်) သို့ လက်နက်ကိုင်လူငယ်(၅)ဦးမှ လန်ခရူဇာ ကားဖြင့် လာရောက်ကာ ဆိုင်အတွင်းဝင်ရောက်၍ ငွေကျပ် သိန်း ၅၀၀ ကို တောင်းယူသွားခြင်းဖြစ်ကြောင်း သိရသည်။

“ညနေပိုင်းမှာဖြစ်သွားတာ ၊ မိုးတွေအရမ်းရွာနေချိန်ဖြစ်နေတော့ လမ်းသွားလမ်းလာက အရမ်းပါးနေတယ်၊ ရွှေဆိုင်က မြို့လယ်ကောင် လုံးခင်းကျေးရွာလမ်းမကြီးဘေးမှာရှိနေတာ၊ လန်ခရူဇာ ကားနဲ ရောက်လာတယ် လူငယ်ပိုင်းအရွယ်လေးတွေပဲ ၊ ၅ ယောက်လုံး သေနတ်တွေပါတယ် ရွှေတွေတော့ မယူသွားဘူး၊ ပိုက်ဆံ သိန်း (၅၀၀)တောင်ပြီး ထွက်ပြေးသွားကြတယ်၊”ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အဆိုပါ ဓားပြတိုက်ခံရသည့်ဖြစ်စဉ်နှင့် ပက်သက်၍ မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကို မသိရှိရသေးကြောင်း ဖားကန့်မြို့ လုံးခင်းကျေးရွာနေ မြို့မိမြို့ဖများထံမှသိရသည်။

အလားတူ ဖားကန့်မြို့နယ်တွင် စက်တင်ဘာလ (၁၄)ရက်နေ့ကလည်း လုံးခင်းရပ်ကွက်၊ ကျောက်ဝိုင်းအနီး သေနတ်အတုဖြင့် ထောက်ကာ ကားလုယက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။