Trending Now

အမေရိကန်ရဲ့ အရေးကြီးတဲ့ စစ်ဘက်ဆိုင်ရာနေရာတွေပေါ်မှာ တရုတ်သူလျှိုမီးပုံးပျံ ပျံသန်းခဲ့တယ်လို့ ဆို

Spread the love

အမေရိကန်ရဲ့ အရေးကြီးတဲ့ စစ်ဘက်ဆိုင်ရာနေရာတွေပေါ်မှာ တရုတ်သူလျှိုမီးပုံးပျံ ပျံသန်းခဲ့တယ်လို့ ဆို

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၃

တရုတ်သူလျှိုမီးပုံးပျံလို့ ယူဆရတဲ့ အရာတစ်ခုဟာ အမေရိကန်ရဲ့ ထိလွယ်ရှလွယ်တဲ့ စစ်ဘက်ဆိုင်ရာ နေရာတွေပေါ်မှာ ရက်အနည်းငယ် ပျံသန်းခဲ့တယ်လို့ အမေရိကန်က စွပ်စွဲခဲ့ပါတယ်။

စစ်တပ်က မီးပုံးပျံကို ပစ်ချဖို့ ပြင်ဆင်ထားပေမယ့် ထိခိုက်နိုင်တဲ့ အလားအလာကြောင့် တားဆီးခံခဲ့ရတယ်လို့ အမေရိကန် တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

မီးပုံးပျံ အမေရိကန် လေပိုင်နက်ထဲ ဝင်လာချိန်မှာ မောင်းသူမဲ့ စစ်လေယာဉ်တွေနဲ့ စောင့်ကြည့်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ပင်တဂွန်အရာရှိတစ်ဦးက ပြောပါတယ်။

မီးပုံးပျံကို တရုတ်က စေလွတ်လိုက်တာလို့ အမေရိကန်က ယုံကြည်နေပြီး မီးပုံပျံဟာ အချက်အလက် စုဆောင်းဖို့ အရေးကြီးတဲ့ နေရာတွေအပေါ်မှာ ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါမီးပုံးပျံကို တွေ့ရှိခဲ့တဲ့ နေရာတွေထဲက တစ်ခုဟာ အမေရိကန်လေတပ် အခြေစိုက်စခန်း တည်ရှိရာ မွန်တာနာဖြစ်ပြီး နျူကလီးယား စွမ်းရည်ရှိတဲ့ တိုက်ချင်းပစ် ဒုံးကျည် ၁၅၀ ခန့် ထားရှိတဲ့နေရာဖြစ်ပါတယ်။

အမေရိကန်ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး လမ်းကြောင်းမျိုးစုံကနေ တရုတ်အရာရှိတွေနဲ့ စေ့စပ်ဆွေးနွေးခဲ့ပြီး အလေးအနက် ဆက်သွယ်ပြောဆိုခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေး အရာရှိက ပြောပါတယ်။

ဒါပေမယ့် ဖြစ်စဉ်ဟာ မရှင်းလင်းသေးတဲ့အတွက် မီးပုံးပျံကို အမေရိကန်က ဆက်လက် ထောက်လှမ်းနေပြီး ထိလွယ်ရှလွယ် လုံခြုံရေးအချက်အလက်တွေကို ကာကွယ်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

aljazeera
Ref; US alleges Chinese spy balloon flew over sensitive military sites

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။