Trending Now

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှုထမ်းဟောင်း ငါးဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စားနပ်ရိက္ခာများ ထောက်ပံ့

Spread the love

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှုထမ်းဟောင်း ငါးဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စားနပ်ရိက္ခာများ ထောက်ပံ့

 

EPN
မြစ်ကြီးနား၊ မေ ၁၈

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှုထမ်းဟောင်း (၅)ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊အမှတ် (၇၂၇)ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်က ယနေ့ နံနက်ပိုင်းတွင် စားနပ်ရိက္ခာများ သွား
ရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဤသို့သွားရောက်ထောက်ပံ့ရာတွင် ရဲမှုထမ်းဟောင်းတစ်ဦးလျှင် (၁၆)ရက်စာအတွက် ဆန်(၆)ပြည်၊ ဆီ(၃၂)ကျပ်သား၊ကုလားပဲ (၄၈)ကျပ်သား၊ဆား (၂၈)ကျပ်သား၊ စုစုပေါင်း
ငွေသား တန်ဖိုး ကျပ်(၃၄၅၂၀)တို့ကို လျှုဒါန်းခဲ့ကြောင်း မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

ယင်းထောက်ပံ့ပစ္စည်းမှုကို မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှုး ဒုရဲမှုးကြီး စိုးမြင့်အောင်၊မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးမြင့်မိုး၊ ဝိုင်းမော်မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးသိန်းကျော်တို့တက်ရောက်ခဲ့ သည်ဟု သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။