Trending Now

မြစ်ကြီးနားတွင် ညအချိန် ရပ်ကွက်များအတွင်း ဆိုင်ကယ်အသံကျယ်လောင်စွာဖြင့် လှည့်ပတ်မောင်းနှင်သူအား ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီး

Spread the love

မြစ်ကြီးနားတွင် ညအချိန် ရပ်ကွက်များအတွင်း ဆိုင်ကယ်အသံကျယ်လောင်စွာဖြင့် လှည့်ပတ်မောင်းနှင်သူအား ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီး

EPN
မြစ်ကြီးနား၊ ဇွန်လ ၃၀

မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များဖြစ်သည့် မြို့သစ်ကြီး၊ ကြက်ပေါင်ခြံ၊နောင်ခမ်းရှမ်းရွာနဲ့ ဂျာမိုင်ကောင်း ရပ်ကွက်များအတွင်း ညစဉ် ဆိုင်ကယ်အသံကျယ်လောင်စွာဖြင့် လှည့်ပတ်မောင်နှင်သည့် လူငယ်တစ်ဦးကို ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ရပ်ကွက်ရုံးတွင် ခံဝန်ထိုးပြီးနောက် ဆိုင်ကယ်အား တစ်လသိမ်းဆည်းထား ကြောင်း မြို့သစ်ကြီးရပ်ကွက်နေ့ ပြည်သူများထံမှ သိရသည်။

အဆိုပါလူငယ်မှာ ၎င်း ပိုင်ဆိုင်သည့် SUPER 4 ဆိုင်ကယ်အား အသံကျယ်လောင်စွာလုပ်ဆောင်၍ မောင်းနှင်မှုကြောင့် ရပ်ကွက်နေပြည်သူများ စိတ်အနှောက်အယှက်ဖြစ်ကာ အချို့ သက်ကြီးရွယ်အိုများမှာ ကျန်းမာရေးထိခိုက်သည်အထိဖြစ်ပေါ်လာသည့်အတွက် ယခုလိုစောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြို့သစ်ကြီးရပ်ကွက်နေသူတစ်ဦးကပြောသည်။

“အဲ့ဒီဆိုင်ကယ်က ည ၇နာရီ ၈ နာရီဆို စထွက်လေ့ရှိတယ် နေစဉ်လိုလိုတော့ အသံကြားရတယ်၊ ဆိုင်ကယ်အသံက ဆူညံလွန်းတော့ ရပ်ကွက်ထဲက ဘယ်သူမှ သည်းမခံနိုင်ကြတော့ဘူး၊ပြောရ ရင်ဝိုင်းဖမ်းတာကာ တစ်ရပ်ကွက်လုံးလို့ ပြောလို့ရတယ်” ဟု ၎င်းကပြောသည်။

မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ယင်းကဲ့အသံကျယ်လောင်စွာ မောင်နှင်သည့်ဆိုင်ကယ်များကို ညအချိန်ဖမ်းဆီးရေးများဆောင်ရွက်လျှက်ရှိနေပြီး ဖမ်းဆီးမိပါက ပထမအဆင့်အနေဖြင့် ခံဝန်ကတိ လက်မှတ်ထိုးခိုင်းခြင်း၊ အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်လျှက်ရှိကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“အခုလို ပါဝါအိပ်ဇောတွေ တပ်ဆင်ပြီးမောင်နှင်တဲ့ ဒီအသံတွေကြောင့် အများပြည်သူ စိတ်အနှောက်အယှက် ဖြစ်စေမှုမြောက်တယ်၊ အသက်ကြီးတဲ့သူတွေဆိုရင် အသံဆူကြံမှုတွေကြောင့် ကျန်းမာရေးထိခိုက်နိုင်တယ်၊ ဒီလိုမျိုးအသိပညာပေးတွေပြောပြပြီးခံဝန်ထိုးခိုင်တာတွေပြုလုပ်တယ်၊ အများအားဖြင့် ညပိုင်းတွေမှာ ဆေးရုံကြီးလိုနေရာတွေ ၊ ဌာနဆိုင်ရာနေရာတွေမှာ ၊လှည့်လည် စောင့်ကြည့်တာတွေပြုလုပ်နေပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။