Trending Now

ဆူဒန်နိုင်ငံတွင် အဏာသိမ်းမှုဆန်ကျင်သော ထောင်နှင့်ချီ ဆန္ဒပြသူများ အနက် နှစ်ဦး ပစ်သတ်ခံရ

Spread the love

ဆူဒန်နိုင်ငံတွင် အဏာသိမ်းမှုဆန်ကျင်သော ထောင်နှင့်ချီ ဆန္ဒပြသူများ အနက် နှစ်ဦး ပစ်သတ်ခံရ
EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၅
ဆူဒန်နိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အများအပြားကို ယမန်နေ့က ဆူဒန် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူနှစ်ဦးသေဆုံးခဲ့ကြောင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ပြောကြားခဲ့သည်။
ယခင်နှစ် အောက်တိုဘာ ၂၅ ရက်က စစ်ဦးစီးချုပ် အယ်လ်-ဘာဟန် ဦးဆောင်သော စစ်အာဏာသိမ်းမှုမှ စတင်ကာ ပြဿနာဖြစ်ပွားနေသော ဆူဒန်နိုင်ငံတွင် လူထုဆန္ဒပြပွဲများအတွင်း သေဆုံးသူ ၈၁ ဦးထက်မနည်း ရှိခဲ့သည်။
ခါတွန်မြို့တွင် ထောင်နှင့်ချီသော ဆန္ဒပြသူများသည် ချစ်သူများနေ့နှင့် တိုက်ဆိုင်နေသောကြောင့် အမျိုးသားအလံများ ဝှေ့ယမ်းကာ အနီရောင်ပူဖောင်းများ ကိုင်ဆောင်၍ ဆန္ဒပြမှုများ စတင်ခဲ့သည်။
အချို့က ဖမ်းဆီးခံထားရသည့် တက်ကြွလှုပ်ရှားသူများကို အာဏာပိုင်များက လွှတ်ပေးရန် တောင်းဆိုသည့် ကြွေးကြော်သံများ ကြွေးကြော်ကြပြီး အချို့မှာ ဆန္ဒပြသူများ အသတ်ခံရသည့် ဓာတ်ပုံများကို ကိုင်ဆောင်ကြသည်။
ယင်းနောက် ဆန္ဒပြသူများသည် သမ္မတနန်းတော်အနီးသို့ ချဉ်းကပ်ရန် ကြိုးစားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ ပစ်လွှတ်တားဆီးခဲ့ရကြောင်း အဏာပိုင်များက ပြောကြားခဲ့သည်။
ခါတွမ်တွင် အာဏာသိမ်းတပ်ဖွဲ့များ၏ တိုက်ရိုက်ပစ်ခတ်မှုကြောင့် လည်ပင်းနှင့် ရင်ဘတ်တို့တွင် ကျဉ်ထိမှန်ကာ ဆန္ဒပြသူ တစ်ဦး သေဆုံးခဲ့ကြောင်း ဆူဒန်နိုင်ငံ လွတ်လပ်သော ဗဟိုကော်မတီ ဆရာဝန်များအသင်းက ပြောကြားခဲ့သည်။
အလားတူ နောက်ထပ် ဆန္ဒပြသူ တစ်ဦးမှာလည်း အွန်ဒါမန်း မြို့တွင် ရင်ဘတ်နှင့် ဘယ်ဘက်ပခုံးကို ကျည်ဆန်များ ထိမှန်ပြီးနောက် သေဆုံးခဲ့ကြောင်း ကော်မတီက ထပ်လောင်းပြောကြားခဲ့သည်။
ဆူဒန်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တစ်ခုတွင် ရဲအရာရှိ ၁၀၂ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ဆန္ဒပြသူများသည် ပါလီမန်အဆောက် အအုံရှေ့ကို ဖြိုခွဲကာ ကပ်လျက် ဓာတ်ဆီဆိုင်အနီးတွင် မီးတင်ရှို့ခဲ့ပြီး ဗလီတစ်လုံးနှင့် ယာဉ်အများအပြား ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ဆန္ဒပြသူများသည် လုံခြုံရေး အစောင့်များ ပိုင်ဆိုင်သည့် ပစ္စည်းများ လုယက်သွားကြောင်း နှင့် ရဲတပ်ဖွဲ့က တုံ့ပြန်မှုတွင် ကျိုးကြောင်းဆီလျော်သော တရားဝင် အင်အား ကိုသာ သုံးစွဲထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
— ကိုးကား —
AFP
Ref; Two protesters shot dead in Sudan as thousands rally against last year’s coup

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။