Trending Now

ရေးမြို့နယ်၊ ရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံး

Spread the love

ရေးမြို့နယ်၊ ရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံး

EPN
ရေး၊ စက်တင်ဘာ ၁၉ (၂၀၂၃)

‌မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ရဲအုပ်ဆိုသူတစ်ဦး စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူ ထံမှသိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသူသည် သတင်း ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၁၁)မှ တာဝန်ခံ ရဲအုပ် မြင့်လွင် ဆိုသူဖြစ်ပြီး စက်တင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က ရေးမြို့နယ်၊ အောင်သုခ ရပ်ကွက်၌ လမ်းပေါ်တွင် တစ်ဦးတည်း ထွက်လာချိန် ဆိုင်ကယ်ဖြင့် လာသည့်မျက်နှာဖုံးစွပ် သေနတ်သမားနှစ်ဦးက ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲအုပ်ဆိုသူသည် ဦးခေါင်း၏ ယာဘက်နားထင်ပွင့်ထွက် ဒဏ်ရာရရှိခဲ့ပြီး နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

”တစ်ခါတည်း ဆုံးသွားတာလို့ သိရတယ်။ ရဲတပ်ဖွဲ့တွေ လာစစ်ဆေး သွားတာ တွေ့ရတယ်။ အလောင်းလည်း သယ်သွားတယ် သေဆုံးသူ က ရဲအုပ်ဆိုတာ ဟုတ်တယ် စခန်းကနေ အပြင်ထွက်လာရင်း ပစ်သတ်ခံရတာ။”ဟု ၎င်း ကဆက်ပြောသည်။

အဆိုပါ ရဲအုပ် ပစ်သတ် ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန် သူများအား ဖမ်းဆီးရမိရေး ရပ်ကွက်များအတွင်း လိုက်လံ လှည့်လည် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူး အနောက်ကျေးရွာတွင် စက်တင်ဘာ ၁၆ ရက်ကလည်း ကြံ့ခိုင်ရေးပါတီဝင်ဆိုသူ အမျိုးသမီး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ဒုတိယ အပတ်ကလည်း မွန်ပြည်နယ်ဘီးလင်း မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းကလည်း ဘီးလင်းမြို့နယ်၌ အသက် ၄၀ ကျော် အရွယ် ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

အလင်း
Photo – CJ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။