Trending Now

ဟိုပင်၌ မိုးရာသီအကြို သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း လုပ်ဆောင်ပြီးစီး

Spread the love

ဟိုပင်၌ မိုးရာသီအကြို သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း လုပ်ဆောင်ပြီးစီး

EPN
ဟိုပင်၊ မေ ၁၉

မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် မိုးရာသီသွေးလွန်တုပ်သွေးရောဂါ ကာကွယ်ရေးအတွက် ပထမအကြိမ်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းကို မေလမှ စတင်ကာ မြို့လုံးကျွတ် တစ်အိမ်တက်ဆင်းလုပ်ဆောင်ပေးခဲ့ကြောင်း ပရဟိတ လူငယ်မောင်မယ်များထံမှ သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ဟိုပင်မြို့ရှိ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ပရဟိတလူငယ် မောင်မယ်များမှ ရပ်ကွက်အတွင်းရှိ နေအိမ်အသီးသီးသို့ လိုက်လံကာနေ့စဉ်သုံးရေကန်၊ ရေပုံး၊ ရေတိုင်ကီများနှင့် ဘုရားပန်းအိုးတို့ကို အဘိတ်ဆေးခတ်ခြင်း၊ လုပ်ငန်းအားဆောင်ရွက်ပေးခဲ့ပြီး၊ အိမ်ထောင်စုဝင်များအား ခြင်အန္တရာယ်ကြောင့်ဖြစ်တတ်သည့် ရောဂါများနှင့် ပတ်သက်၍ လည်းကောင်း၊ အသက်အရွယ်မရွေး ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါအားကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ လိုအပ်သော အသိပညာပေးများလည်း ပြောကြားပေးခဲ့ကြောင်းသိရသည်။

“သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ပေးတာ ကောင်းတယ်။ အရင်ကတော့မကြားဘူးသလို၊ ယုံလည်း မယုံကြည်ခဲ့ဘူး။ တစ်နှစ်ကို နှစ်ကြိမ်လာခတ်ပေးတယ်။ သတိထားမိတာကတော့ အရင်နှစ်တွေက မိုးရာသီရောက်တိုင်း အိမ်တိုင်းနီးပါးဖျားနာကြတယ်။ တစ်နှစ်ကဆိုဆေးရုံမှာလူနာတွေ မဆံ့ဘူးလို့သိရတယ်။ အဘိတ်ဆေးခတ်ပြီးနောက်ပိုင်းမှာ ကျွန်မတို့အိမ်ကအစ မိုးတွင်းရောက်ရင်တုပ်ကွေးရောဂါ မဖြစ်တော့ဘူး။ ဆေးလာခတ်ပေးတော့ဆေးအကြောင်းလူတိုင်းသိလာပြီး လူတိုင်းလက်ခံလာတယ်´´လို့ အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်စန်းအေးက ဆိုသည်။

အဆိုပါ အဖွဲ့သည် မိုးကာလအတွင်း ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၏ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာစေရန်တစ်အိမ်တက်ဆင်း (ဖုံး၊ သွန်၊ လှဲ၊ စစ်) အသိပညာပေးဆွေးနွေးရှင်းလင်းပြောကြား၍ နေအိမ်များရှိ ရေအိုး၊ ရေစည်၊ ရေတိုင်ကီများနှင့် ရေကန်များထဲသို့ အဘိတ်ဆေးများ ခတ်ပေးခြင်းကို နှစ်စဥ် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးဝင်းထွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။