Trending Now

ဖေဖော်ဝါရီနှင့် မတ်လ ဒုတိယပတ်အတွင်း စစ်တွေမြို့အား AA အဖွဲ့မှ လက်နက်ကြီးများဖြင့် ၁၃ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကလေးငယ်တစ်ဦးအပါအဝင် ၁၈ ဦးသေဆုံး

Spread the love

ဖေဖော်ဝါရီနှင့် မတ်လ ဒုတိယပတ်အတွင်း စစ်တွေမြို့အား AA အဖွဲ့မှ လက်နက်ကြီးများဖြင့် ၁၃ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့၍ ကလေးငယ်တစ်ဦးအပါအဝင် ၁၈ ဦးသေဆုံး

EPN
စစ်တွေ၊ မတ် ၁၈ (၂၀၂၄)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အား AA အဖွဲ့မှ ဖေဖော်ဝါရီနှင့် မတ်လ ဒုတိယပတ်အတွင်း လက်နက်ကြီးများဖြင့် ၁၃ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု နစက ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

AA အဖွဲ့ဝင်များသည် ပြီးခဲ့သည့် မတ် ၁၆ ရက်၊ နံနက် ၁ နာရီခန့်က စစ်တွေမြို့ပေါ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးကျည်များသည် စက်ရုံစု (၂)၊ ကုန်းဘောင်ရပ်ကွက်အတွင်းရှိ လူနေအိမ်တစ်ခုအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့တွင် ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရ)ရရှိခဲ့သဖြင့် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး (ခု တင် ၅၀၀)သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

AA အဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က စစ်တွေတပ်နယ်အတွင်းရှိ ကျေးရွာများ၊ ဖေဖော်ဝါရီ ၂၉ ရက်တွင် စစ်တွေမြို့၊ မြို့မဈေးအနီးရှိ (ဒေသအခေါ်) ကိုရီးယားဆိပ်ကမ်းဈေး၊ မတ် ၉ ရက်၊ ညပိုင်းတွင် စစ်တွေမြို့၊ ကသဲရပ်ကွက်၊ မတ် ၁၁ ရက်၊ မွန်းတည့်ပိုင်းတွင် စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာရှိ အ.ထ.က (၇) ကျောင်းအနီး၊ မတ် ၁၃ ရက်၊ နံနက်ပိုင်းတွင် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာရှိ စာသင် ကျောင်းတို့အပါအဝင် ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ Drop Bomb များဖြင့် ၁၃ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

ယင်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် (၁၂) နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ (၁၈)ဦးသေဆုံးခဲ့ပြီး၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသား/ သူ နှစ်ဦးအပါအဝင် (၄၇)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဌာနဆိုင်ရာအဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက စစ်တွေမြို့ရှိ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ၊ Drop Bomb များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် AA အဖွဲ့ဝင်များကို ရှင်းလင်းရေးလုပ်ငန်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။