Trending Now

အမေရိကန် ဒီမိုကရက်တစ် ဒုတိယသမ္မတ ကိုယ်စားလှယ်လောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

Spread the love

အမေရိကန် ဒီမိုကရက်တစ် ဒုတိယသမ္မတ ကိုယ်စားလှယ်လောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၇

အမေရိကန် ဒီမိုကရက်တစ်ပါတီ၏ ဒုတိယသမ္မတ ကိုယ်စားလှယ်လောင်းက ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိကြောင်း ပြောကြားလိုက်သည်။

“ကိုဗစ်-၁၉ ရောဂါက ကျွန်မတို့အိမ်ကို ရောက်ရှိလာခဲ့ပါပြီ။ ကျွန်မမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပါ တယ်” ဟု အတ္တလန္တာမြို့တော်ဝန် ကိုင်ရှာလန့်စ်ဘော်တွမ်က တွစ်တာ၌ ရေးသားခဲ့သည်။

ကိုင်ရှာက ခင်ပွန်းဖြစ်သူနှင့် ဗိုင်းရပ်စ်ပိုး ရှိ မရှိ စစ်ဆေးမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ခင်ပွန်းတွင်လည်း ပိုး တွေ့ရှိခဲ့ကြောင်း ဒေသန္တရမီဒီယာများက ဖော်ပြခဲ့သည်။

ကိုင်ရှာသည် ၂၀၁၈ ခုနှစ်ကတည်းက ဂျော်ဂျီယာပြည်နယ်၏ အကြီးမားဆုံးမြို့ အတ္တလန္တာမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ပြီးခဲ့သော မေလအတွင်း အကြမ်းဖက်မှုအဖြစ် ပြောင်းလဲခဲ့သည့် လူမျိုးရေးခွဲခြားမှု ဆန္ဒဖော်ထုတ်မှုများ ကို မဲဆန္ဒပြုခြင်းဖြင့် အခြေအနေကိုပြောင်းလဲရန် တောင်းဆိုမှုကြောင့် ၄င်းမှာ ပြည်သူလူထု၏ စိတ်ဝင်စားမှု ရရှိခဲ့ သည်။

ကိုင်ရှာမှာ လာမည့်သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်သူ ဂျိုးဘီဒင်အတွက် ဒု တိယသမ္မတ ကိုယ်စားလှယ်လောင်း ဖြစ်လာရန် အလားအလာရှိသူဖြစ်သည်။

အခြား ဒုတိယသမ္မတ ကိုယ်စားလှယ်လောင်းများတွင် အထက်လွှတ်တော်အမတ် ကာမာလာဟားရစ်နှင့် အဲလိဇဘတ်ဝါရင်းတို့လည်း ပါဝင်သည်။

အမေရိကန်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှုများ မြန်ဆန်လျက်ရှိသည်။ ဂျွန်ဟော့ကင်းတက္ကသိုလ်ကပြုစု သော အချက်အလက်များအရ အမေရိကန်နိုင်ငံတွင် ဇူလိုင်လ ၅ ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်မှုသစ် အရေအ တွက်မှာ ၅၀၀၀၀ နီးပါးအထိ ရှိခဲ့သည်။

–ကိုးကား–
အင်န်အိတ်ချ်ကေ
Ref; US Democratic VP hopeful tests positive for virus


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။