Trending Now

တာပိန်မြစ်တွင် တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းခဲ့မှုကြောင့် တာပိန်မြစ်ကူးတံတားတစ်ဆင်း ပြိုကျပျက်စီး

Spread the love

တာပိန်မြစ်တွင် တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းခဲ့မှုကြောင့် တာပိန်မြစ်ကူးတံတားတစ်ဆင်း ပြိုကျပျက်စီး

EPN
ဗန်းမော်၊ ဇွန် ၂၅

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မန်နောင်ကျေးရွာရှိ တာပိန်မြစ်ကူး သစ်သားတံတားသည် တောင်ကျရေများ တာပိန်မြစ်အတွင်း အရှိန်အဟုန်ဖြင့် စီးဆင်းမှုကြောင့် ဇွန်လ၂၄ ရက်နေ့ ည နေ ၄ နာရီ ၃၅ မိနစ်၌ ပြို့ကျပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သ်ိရသည်။

ယင်းတာပိန်မြစ်ကူး သစ်သားတံတား ပြိုကျ ပျက်စီးမှုနှင့် ပတ်သက်ပြီး ဒေသခံ တစ်ဦးက ယခုကဲ့သို့ ဆိုသည်။

“ဇွန် ၂၃ ၊ ၂၄ ရက်နေ့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ တောင်ကျရေများ တာပိန် မြစ်အတွင်းကို စီးဆင်း ဝင်ရောက်လာခဲ့ပါတယ်၊ အဲဒီအခါမှာ တာပိန် မြစ်ရေဟာ မြင့်တက်လာပြီး အရှိန်အဟုန်နဲ့ စီးဆင်းခဲ့ကာ ဒိုက်များ အမှိုက်များမျော ပါလာခဲ့ပြီး တံတား ပြိုကျ ပျက်စီးခဲ့တာဖြစ်ပါတယ်” ဟု ဒေသခံ တစ်ဦးဖြစ်သူ ဦးမောင်ဦးက ပြောပြသည်။

ထို့အပြင် ယင်းတံတားသည် ယခင်က တောင်ကျရေ အရှိန်အဟုန်နှင့် စီးဆင်းမှုကြောင့် ပြိုကျ ပျက်စီးခဲ့ပြီး ယင်းတံတားကို အသစ်ပြန်လည်တည်ဆောက်ထားသည်မှာ သုံးနှစ်ခန့်သာ ရှိသေးကြောင်း ၄င်းက ထပ်မံ ပြောပြသည်။

အဆိုပါ သစ်သားတံတားကို ​ေကျးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ပြည်ထောင်စု ရန်ပုံငွေ ကျပ် ၄၀ ဒသမ ၃၃ သန်းဖြင့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ် တွင် တည်ဆောက်ခဲ့ကြောင်း မိုးမောက်မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ သစ်သားတံတားမှာ အရှည်ပေ ၂၈၀ ရှိပြီး မန်နောင်ကျေးရွာနှင့် စီကော်၊ ဟင်္သာ၊ မြို့သစ် အစရှိသည့် ကျေးရွာချင်းဆက် တာပိန်မြစ်ကူး တံတားတစ်စင်းဖြစ်သည့်အပြင် ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေသည့် တံတားတစ်စင်း ဖြစ်ကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။