Trending Now

ခရစ္စရော့ခ်ကို ပါးရိုက်မှုကြောင့် အော်စကာဆုပေးပွဲ ၁၀ နှစ် ပိတ်ပင်ခံလိုက်ရတဲ့ မင်းသားကြီးဝီလ်စမစ်

Spread the love

ခရစ္စရော့ခ်ကို ပါးရိုက်မှုကြောင့် အော်စကာဆုပေးပွဲ ၁၀ နှစ် ပိတ်ပင်ခံလိုက်ရတဲ့ မင်းသားကြီးဝီလ်စမစ်

 

EPN

နိုင်ငံတကာ၊ ဧပြီ ၉

အကယ်ဒမီဆုပေးပွဲမှာ ခရစ္စရော့ခ်ကို ပါးရိုက်ပြီးနောက် မင်းသားကြီး ဝီလ်စမစ်ဟာ အော်စကာဆုပေးပွဲအပြင် အခြားအကယ်ဒမီပွဲတွေကို ၁၀ နှစ်တာ တက်ရောက်ခြင်းမပြုဖို့ ရုပ်ရှင်အကယ်ဒမီက ပိတ်ပင်လိုက်တယ်လို့ ရိုက်တာ သတင်းဌာန က ဖော်ပြထားပါတယ်။

မင်းသားကြီး ဝီလ်စမစ်ဟာ ရုပ်ရှင်အကယ်ဒမီ ကနှုတ်ထွက်ခဲ့ပြီးနောက် တစ်ပတ်အကြာမှာ ရုပ်ရှင်အနုပညာနှင့် သိပ္ပံအကယ်ဒမီရဲ့ အုပ်ချုပ်ရေး ဘုတ်အဖွဲ့က အရေးယူခဲ့တာဖြစ်ပါတယ်။

“၉၄ ကြိမ်မြောက် အော်စကာဆုဟာ ပြီးခဲ့တဲ့နှစ်က မယုံနိုင်လောက်စရာ အလုပ်တွေကို လုပ်ခဲ့တဲ့ လူတစ်ဦးချင်စီကို ဂုဏ်ပြုပွဲတစ်ခု ဖြစ်လာဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် စင်ပေါ်မှာ လုပ်ခဲ့တဲ့ မစ္စတာ စမစ်ရဲ့ လုပ်ဆောင်မှုကိုတော့ ကျွန်တော်တို့ ခွင့်လွတ်လို့မရပါဘူး ” လို့ အကယ်ဒမီ ဥက္ကဌ ဒေဗစ် ရော်ဘင် ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မင်းသားကြီး ဝီလ်စမစ်က အကယ်ဒမီ ဘုတ်အဖွဲ့ရဲ့ ကယ်ဒမီပွဲတက်ခွင့် ဆုံးဖြတ်ချက်ကို လေးစားစွာနဲ့ လက်ခံသွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“အကယ်ဒမီပွဲမှာ ဖြစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ လုပ်ရပ်ဟာ ခွင့်မလွတ်နိုင်စရာပါ အကယ်ဒမီရဲ့ ဆုံးဖြတ်ချက်ကို ကျနော်လက်ခံပြီး လေးစားပါတယ်” လို့တုံ့ပြန် ပြောကြားခဲ့တာပါ။

အစီအစဉ် တင်ဆက်သူဖြစ်တဲ့ ခရစ်စ်ရော့ခ်ဟာ ဝီလ်စမစ်ရဲ့ ဇနီးဖြစ်သူ ကတုံးဆံပင်ပုံစံကို ဟာသလုပ် ပြောဆိုခဲ့လို့ မင်းသားကြီး ဝီလ်စမစ်က စင်ပေါ်တက်ပြီး ပါးရိုက်ခဲ့တာ ဖြစ်ပါတယ်။

ဝီလ်စမစ်ဟာ “King Richard” ဆိုတဲ့ ဇတ်ကားနဲ့ သူရရှိခဲ့တဲ့ အော်စကာဆုကိုတော့ ဆက်လက် ထိန်းသိမ်းထားမှာဖြစ်ပြီး ၁၀ နှစ်တာ ကာလအတွင်း ဆန်ကာတင် စာရင်းဝင်ဖို့ အရည်အချင်း ပြည့်မီနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ အခန်းတွင်း အခြေအနေကို လုံလောက်စွာ မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဒီအတွက် ကျနော်တို့ စိတ်မကောင်းပါဘူး” လို့ အကယ်ဒမီဘုတ်အဖွဲ့က ပြောပါတယ်။

အော်စကာဆုပေးပွဲအပြီး ထုတ်ပြန်ချက်မှာ အကယ်ဒမီဘုတ်အဖွဲ့က မင်းသားကြီး ဝီလ်စမစ်ကို အခမ်းအနားကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့ပေမယ့် သူက ငြင်းဆိုခဲ့ပြီး အခမ်းအနားပြီးတဲ့ အထိဆက်လက်ထိုင်နေခဲ့တယ်လို့ ဆိုပါတယ်။

Source – reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။