Trending Now

အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ တရုတ်ရေပိုင်နက် ပြသနာတွေကို ဆွေးနွေးဖွယ်ရှိ

Spread the love

အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ တရုတ်ရေပိုင်နက် ပြသနာတွေကို ဆွေးနွေးဖွယ်ရှိ

EPN
နိုင်ငံတကာ၊ မတ် ၄

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဒီနေ့ ကျင်းပပြုလုပ်သွားမယ့် အာဆီယံ အထူးထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့အကျပ်အတည်းအပါအဝင် တရုတ်ရေပိုင်နက် ပြသနာတွေကိုပါ ဆွေးနွေးဖွယ်ရှိတယ်လို့ အေပီသတင်းက ဖော်ပြထားပါတယ်။

ဒီနေ့စတင်ကျင်းပမယ့် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေးကို သြစတြေးလျနိုင်ငံဟာ အာရှအစုအဖွဲ့ရဲ့ ပထမဆုံးတရားဝင်မိတ်ဖက်နိုင်ငံဖြစ်လာတဲ့ နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

သုံးရက်ကြာ ထိပ်သီးအစည်းအဝေးကို အရှေ့တောင်အာရှ နိုင်ငံများအသင်း ၁၀ နိုင်ငံက ခေါင်းဆောင် ၉ ဦး တက်ရောက်မယ်လို့ မျှော်လင့်ရပြီး မြန်မာနိုင်ငံကိုတော့ ချန်လှပ်ထားခဲ့တယ်လို့ ဆိုပါတယ်။

အရှေ့တီမောခေါင်းဆောင်ကို အာဆီယံလေ့လာသူအဖြစ် တရားဝင်ဖိတ်ကြားထားပြီး သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်ဆီကလည်း ဒေသတွင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

သြစတြေးလျဟာ ၂၀၁၈ ခုနှစ်ကလည်း ဆစ်ဒနီမြို့မှာ အာဆီယံခေါင်းဆောင်တွေကို တစ်ကြိမ်လက်ခံကျင်းပခဲ့တယ်လို့ သိရပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ ပါဝင်ပြီး စုစုပေါင်း လူဦးရေ သန်း ၆၅၀ ကျော်နဲ့ GDP ဒေါ်လာ ၃ ထရီလီယံကျော် ရှိတယ်လို့ သိရပါတယ်။

Ref; AP


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။