Trending Now

မက်ခရွန် အဆိုပြုသည့် ထိပ်သီးဆွေးနွေးပွဲကို ကျင်းပရန် ဘိုင်ဒင်နှင့် ပူတင်တို့ သဘောတူ

Spread the love

မက်ခရွန် အဆိုပြုသည့် ထိပ်သီးဆွေးနွေးပွဲကို ကျင်းပရန် ဘိုင်ဒင်နှင့် ပူတင်တို့ သဘောတူ

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၁

ယူကရိန်းအရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ကြသည်။

ယူကရိန်းအကျပ်အတည်း နှင့်ပတ်သက်၍ ထိပ်သီးဆွေးနွေးပွဲတစ်ခုပြုလုပ်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ သဘောတူညီခဲ့ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၏ရုံးက ယနေ့ထုတ်ပြန် ကြေညာခဲ့သည်။

မော်စကိုက ယူကရိန်းကို မကျူးကျော်သရွေ့ သမ္မတ ဂျိုးဘိုင်ဒင် နှင့် တွေ့ဆုံရန် သဘောတူထားကြောင်း အိမ်ဖြူတော်က ကြေညာခဲ့ပြီးနောက် ပြင်သစ်က ဖေဖော်ဝါရီ ၂၁ ရက်မှာ အတည်ပြုလိုက်သည်။

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် နှင့် ပူတင်တို့အကြား ဖုန်းခေါ်ဆိုမှုအပြီးတွင် ဥရောပတွင် လုံခြုံရေးနှင့် ဗျူဟာမြောက် တည်ငြိမ်ရေးတို့ကို ဆွေးနွေးမည့် အဆိုပါ ထိပ်သီးဆွေးနွေးပွဲကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်တို့သည် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ၎င်းတို့၏ ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာများကို ပြင်ဆင်မည်ဖြစ်ကြောင်း ပါရီသမ္မတရုံးက ပြောကြားခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲဖြင့် အကျပ်အတည်းမှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို ရှာဖွေရန် မျှော်လင့်ထားသော်လည်း ရှရှားသည် အိမ်နီးချင်း ဘီလာရုစ်နှင့် ပြုလုပ်နေသည့် စစ်ရေးလေ့ကျင့်မှုကို သက်တမ်းတိုးမည်ဟု ကြေညာပြီးနောက် စစ်ရေးတင်းမာမှု မြင့်မားနေဆဲ ဖြစ်သည်။

— ကိုးကား —
NHK
Ref; Biden, Putin agree to hold summit proposed by Macron


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။