Trending Now

ဘင်္ဂလားဒေ့ရှ်မှာ ဘဏ်တွေနဲ့ ပြည်သူတွေကို လျှပ်စစ်ဓာတ်အား နဲ့ လောင်စာဆီ သုံးစွဲမှု လျှော့ချဖို့ တောင်းဆို

Spread the love

ဘင်္ဂလားဒေ့ရှ်မှာ ဘဏ်တွေနဲ့ ပြည်သူတွေကို လျှပ်စစ်ဓာတ်အား နဲ့ လောင်စာဆီ သုံးစွဲမှု လျှော့ချဖို့ တောင်းဆို

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၇

ဘင်္ဂလားဒေ့ရှ် မှာ စီးပွားရေးအကြပ်အတည်းဖြစ်ပေါ်မလာစေဖို့အတွက် ဗဟိုဘဏ်က ပြည်တွင်းမှာရှိတဲ့ ဘဏ်တွေအားလုံးရဲ့ လျှပ်စစ်ဓာတ်အား နဲ့ လောင်စာဆီ အသုံးပြုမှုကို လာမယ့်နှစ် ဇွန်လအထိ ဖြတ်တောက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။

ဘဏ်တွေအားလုံးရဲ့ ဓာတ်ငွေ့နဲ့ လောင်စာဆီး သုံးစွဲမှု ၂၀ ရာခိုင်နှုန်း နဲ့ လျှပ်စစ်ဓါတ်အားအသုံးပြုမှု ၂၅ ရာခိုင်နှုန်းကို ယခုနှစ်ဇူလှိုင်လ ကနေစတင်ပြီး တစ်နှစ်တာကာလအထိ လျော့ချဖို့ ဘင်္ဂလားဒေ့ရှ် ဘဏ် (BB) က ယမန်နေ့က တောင်းဆိုခဲ့တာပါ။

အလားတူပဲ ဝန်ကြီးချုပ် Sheikh Hasina က အစိုးရအေဂျင်စီတွေနဲ့ ပြည်သူတွေကို လက်ရှိအခြေအနေမှာ စွမ်းအင်နဲ့ ငွေကြေးချွေတာဖို့အတွက် ခြိုးခြံခြွေတာမှုကို လိုက်လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

ဘဏ်တွေဟာ သက်ဆိုင်ရာ ရုံးချုပ်မှာ လျှော့ချအသုံးပြုမှုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းများ၊ အချက်အလက်များကို ထိန်းသိမ်းထားရမှာဖြစ်ပြီး ဗဟိုဘဏ်က လာရောက်စစ်ဆေးတာနဲ့ အချက်အလက်တွေကို ပြနိုင်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စွမ်းအင်ပြတ်လပ်မှုပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် အစိုးရက ဇူလိုင် ၁၉ ရက် ကနေစတင်ပြီး တစ်ပတ်အတွင်း ဧရိယာအလိုက် အများဆုံး နှစ်နာရီကြာ လျှပ်စစ်မီးဖြတ်တောက်ဖို့ ကြေငြာခဲ့ပါတယ်။

ဈေးဝယ်စင်တာတွေနဲ့ လုပ်ငန်းရှင်တွေကို ည ၈ နာရီနောက်ဆုံးထားပြီး ပိတ်သိမ်းဖို့လည်း ထည့်သွင်း ညွန်ကြားထားပါတယ်။

Source – NBD

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။