Trending Now

ဘုတလင်မြို့နယ်ရှိ စာသင်ကျောင်းတစ်ခုအတွင်းမှ လက်နက်/ ခဲယမ်းများ သိမ်းဆည်းရမိ

Spread the love

ဘုတလင်မြို့နယ်ရှိ စာသင်ကျောင်းတစ်ခုအတွင်းမှ လက်နက်/ ခဲယမ်းများ သိမ်းဆည်းရမိ

EPN
ဘုတလင်၊ ဇန်နဝါရီ ၁၄ (၂၀၂၄)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကြက်ရိုးကုန်းကျေးရွာ စာသင်ကျောင်းအတွင်း ဇန်နဝါရီလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက လက်နက်၊ ခဲယမ်း အများအပြားသိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေး တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ စာသင်ကျောင်းအတွင်းသို့ သက်ဆိုင်ရာက ဝင်ရောက်စစ်ဆေးခဲ့ရာ လက်လုပ်သေနတ် ၁၁ လက်၊ ရှော့တိုက်ပြောင်း ၃ ခုတွဲ ၁ လက်၊ ရှော့တိုက်ပြောင်း ၁ လက်၊ လက်လုပ် စိန်ပြောင်း ၁ လက်၊ ပြုလုပ်နေဆဲဖြစ်သည့် လက်လုပ်ဗုံးသီး ၁၆ လုံးနှင့် မိုင်း၂ လုံးတို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

” သက်ဆိုင်ရာက တာဝန်ရှိ လုံခြုံရေးအဖွဲ့များက သတင်းပေးပို့ချက်အရသွားရောက်စစ်ဆေး ရှင်းလင်းရေး သွား လုပ်ရင်း တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ ” ဟု ၎င်းကပြောသည်။

အဆိုပါ သိမ်းဆည်းရမိသည့် လက်နက် ခဲယမ်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျစစ်ဆေး သိမ်းဆည်းခဲ့ပြီး နယ်မြေရှင်းလင်းသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။