Trending Now

အွန်လိုင်းပေါ်တွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်းနှင့်ပတ်သက်ပြီး ငွေကျပ် ၃ သောင်း၊ ၄ သောင်း ပေးရသည်ဟုသတင်းပြန့်‌နေသည်မှာ သတင်းအမှားဖြစ်ကြောင်း ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြောကြား

Spread the love

အွန်လိုင်းပေါ်တွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်းနှင့်ပတ်သက်ပြီး ငွေကျပ် ၃ သောင်း၊ ၄ သောင်း ပေးရသည်ဟုသတင်းပြန့်‌နေသည်မှာ သတင်းအမှားဖြစ်ကြောင်း ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ပြောကြား

EPN
မြစ်ကြီးနား ၊ မေလ ၂၁

အွန်လိုင်းပေါ်တွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်းနှင့်ပတ်သက်ပြီး ငွေကျပ် ၃ သောင်း၊ ၄ သောင်း ပေးရသည်ဟုသတင်းပြန့်‌နေသည်မှာ သတင်းအမှားဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းမှ ပြောကြားခဲ့သည်။

တက္ကသိုလ်ဝင်တန်းအောင်စာရင်း၊ အမှတ်စာရင်း ထုတ်ယူမှုအတွက် ငွေကျပ် ၃ သောင်း၊ ၄ သောင်း ပေးရသည်ဟုသတင်းပြန့်နေသည်မှာ အမှန်မဟုတ်ပဲ အောင်စာရင်းအတွက် ကုန်ကျစရိတ် ငွေ ၄၀၀ ကျပ်၊ ၆၀၀ ကျပ် စသဖြင့် သတ်မှတ်ပြီးဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ယင်းအပြင် စာတိုက်မှပို့လျှင် စာတိုက်ဖိုးကုန်မည် ဖြစ်ပြီး အများဆုံးကုန်ကျငွေ ၁၀၀၀/ ၁၅၀၀ ထက်မပိုပါကြောင်း၊ အွန်လိုင်းပေါ်မှ ပြောနေသည့် သုံးလေးသောင်းကုန်ကျမှု များသည် ပွဲစားများနှင့် လုပ်နေခြင်းဖြစ်ကြောင်းပြောကြားသည်။

အဆိုပါ အွန်လိုင်းပေါ်တွင် မဟုတ်မမှန်သည့် အောင်စာရင်းထုတ်ရန် ကျပ်ငွေ ၃ သောင်း ၄ သောင်း ပေးရမည်ဟု လိမ်လည်လှည့်စားနေသော ပွဲစားများအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

၂၀၂၁ – ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို လာမည့် ဇွန်လအစောပိုင်းတွင် ထွက်ရှိမည်ဖြစ်ပြီး ယင်းကဲ့သို့အွန်လိုင်းပေါ်မှ မဟုတ်မမှန်ပဲ လိမ်လည်လှည့်စားနေသော ပွဲစားများရှိနေသောကြောင့် မိမိတို့အနေဖြင့် သတိထားပြီး မိမိတို့သားသမီးများရဲ့ အောင်စာရင်းများကို ထုတ်ယူနိုင်ရန်လည်း ပြောကြားခဲ့သည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။