Trending Now

နန်းယွန်း-ပန်ဆောင်လမ်းပိုင်း ပျက်စီးမှုကြောင့် ခရီးသွားပြည်သူများ အခက်ကြုံနေ

Spread the love

နန်းယွန်း-ပန်ဆောင်လမ်းပိုင်း ပျက်စီးမှုကြောင့် ခရီးသွားပြည်သူများ အခက်ကြုံနေ

EPN
မြစ်ကြီးနား၊ ဧပြီ ၁ (၂၀၂၄)

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်း-ပန်ဆောင်လမ်းပိုင်း ပျက်စီးမှုကြောင့် ခရီးသွားပြည်သူများ အခက်ကြုံနေရကြောင်း ပြည်သူများထံမှ သိရသည်။

နန်းယွန်းမြို့နယ်တွင် မတ်လကုန်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နန်းယွန်းမြို့မှ ပန်ဆောင်မြို့ဘက်သွား လမ်းပိုင်းအချို့မှာ ပျက်စီးမှုများ ရှိခဲ့သည့်အတွက် ခရီးသွားပြည်သူများ လမ်းခရီးအချိန် ကြန့်ကြာမှုများ ကြုံတွေ့နေရကြောင်း ခရီးသွားပြည်သူ တစ်ဦးထံမှ သိရသည်။

” မိုးတွင်းဝင်ခါစဆို ဒီလမ်းတွေကအမြဲတမ်းပျက်တယ်။ သွားလာရခက်တဲ့လမ်းပိုင်းတွေပဲ။ လမ်းပြင်တိုင်းလည်းပြန်ပျက်တာပဲ။ နယ်စပ်လမ်းဆိုလို့ ဒီလမ်းပဲရှိတာ။ ဒီလိုလမ်းပျက်တော့ ပြည်သူတွေ သွားလာဖို့ အချိန်ကြာတယ်။ ဒီကြားကပုံမှန်ဆို ၄နာရီ လောက်ပဲသွားတာ။ အခုက အနည်းဆုံး ၆နာရီ လောက်ကြာတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ ပျက်စီးနေသည့် လမ်းပိုင်းမှာ လောက်လှိုင်ကျေးရွာနှင့် ပန်ဆောင်မြို့အဝင် (၅)မိုင်ကြားတွင် ပျက်စီးနေပြီး မိုးရွာသွန်းလျင် မကြာခဏ ပျက်စီးနေသည့် လမ်းပိုင်းဖြစ်ကြောင်း သိရသည်။

ပန်ဆောင်မြို့နယ်မှာ မြန်မာ-အိန္ဒိယနယ်စပ်တွင်ရှိပြီး၊ နန်းယွန်းမြို့မှ ၃၆ မိုင်ကွာဝေးကာ ဒေသအတွက် လိုအပ်သည့် စ္စည်းသယ်ယူမှုများကို အဆိုပါ လမ်းတစ်ခုကိုသာ အသုံးပြုပြုနေရကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။