Trending Now

တနိုင်းမြို့တွင် မီးစက်ချွတ်ယွင်းမှု‌ကြောင့် တစ်လနီးပါး မီးအလှည့်ကျ‌ပေးခဲ့ရာမှ ယခုလ တတိယပတ်မှစတင်၍ ပုံမှန်အတိုင်း မီးရရှိတော့မည်

Spread the love

တနိုင်းမြို့တွင် မီးစက်ချွတ်ယွင်းမှု‌ကြောင့် တစ်လနီးပါး မီးအလှည့်ကျ‌ပေးခဲ့ရာမှ ယခုလ တတိယပတ်မှစတင်၍ ပုံမှန်အတိုင်း မီးရရှိတော့မည်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၆

ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့တွင် မီးစက်ချွတ်ယွင်းမှု‌ကြောင့် တစ်လနီးပါး မီးအလှည့်ကျ‌ပေးခဲ့ရာမှ ယခုလ တတိယပတ်မှစတင်၍ ပုံမှန်တိုင်း မီးရရှိတော့မည်ဖြစ်ကြောင်း တနိုင်းမြို့မီးလင်းရေးကော်မတီထံမှ သိရသည်။

တနိုင်းမြို့သည် ၂၄ နာရီ လျှပ်စစ်မီး မရရှိသေးသည့်မြို့တစ်မြို့ဖြစ်သည့်အတွက် မီးလင်းရေး ကော်မတီ ဖွဲ့စည်းထားပြီး မြို့ပေါ်ရပ်ကွက်များအား ည ၇ နာရီမှ ည ၁၀နာရီအထိ အချိန်အကန့်သတ်ဖြင့် မောင်းနှင်ပေးသည့် မီးစက်မီးသာ ရရှိနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ မြို့ပေါ်ရပ်ကွက်များသို့ လျှပ်စစ်မီး ပေးနေသည့် မီးစက်တစ်လုံးချွတ်ယွင်းမှုကြောင့် တနိုင်းမြို့ရှိ ရပ်ကွက်များအား မီးပုံမှန်မပေးနိုင်ခဲ့ပဲ အလှည့်ကျ လျှပ်စစ်မီးပေးခဲ့ရခြင်းဖြစ်ကြောင်း မီးလင်းရေးကော်မတီထံမှ သိရသည်။

“ ပြီးခဲ့တဲ့ ဩဂုတ်လစောပိုင်းလောက်ကပဲ မီးစက်တစ်လုံးကပျက်သွားတော့ ရပ်ကွက်တိုင်းကိုမီးမပေးနိုင်တော့ဘူး၊ မီးစက်နှစ်လုံးထဲနဲ့ ပေးဖို့ကမဖြစ်နိုင်ဘူးလေ အဲ့တာကြောင့် ရပ်ကွက်တွေကို အလှည့်ကျနဲ့မီးပေးရတယ်၊တနိုင်းမှာရှိတ ဲ့မီးစက်သုံးလုံးစလုံးက 500KVA ရှိတဲ့စက်တွေပဲ၊အခုတော့ ပျက်နေတဲ့ တစ်လုံးကို ပြန်ပြင်နေတဲ့အတွက် မကြာခင် ပုံမှန်အတိုင်းပြန်ရဖို့ရှိတယ်” ဟု မီးလင်းရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

တနိုင်းတွင် မြို့ပေါ်ရပ်ကွက် ၇ ခုမှ အိမ်ခြေ ၅၀၀၀ ကျော်အား မီးစက်မီးဖြင့် ညစဉ် ၇ နာရီမှ ည ၁၀ နာရီအထိ မောင်းနှင်ပေးလျက်ရှိပြီး မီးသုံးစွဲခ တစ်ယူနစ်လျှင် ၆၀၀ နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။