Trending Now

ထိုင်ဝမ်ကို ဒေါ်လာသန်း ၁၈၀ တန်ကြေးရှိ တင့်ကားဆန့်ကျင်ရေးစနစ်တွေ ရောင်းချ

Spread the love

ထိုင်ဝမ်ကို ဒေါ်လာသန်း ၁၈၀ တန်ကြေးရှိ တင့်ကားဆန့်ကျင်ရေးစနစ်တွေ ရောင်းချ

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၉

တရုတ်ရဲ့ စစ်ရေးအင်အားပြသမှုတွေ တိုးမြင့်လာချိန်မှာ ထိုင်ဝမ်ကို တင့်ကားဆန့်ကျင်ရေးမိုင်းစနစ် (anti-tank mine-laying system) တွေ ရောင်းချဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

တင့်ကားဆန့်ကျင်ရေး စနစ်တွေနဲ့ ဆက်စပ်ပစ္စည်းများအားလုံး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ခန့် ကုန်ကျမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုပါတယ်။

ရောင်းချသွားမယ့် စနစ်တွေဟာ မြေပြင်ယာဉ် ဒါမှမဟုတ် ရဟတ်ယာဉ်တွေကို အသုံးပြုပြီး တင့်ကားဆန့်ကျင်ရေး မိုင်းတွေကို ဖြန့်ကြဲပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်-ထိုင်ဝမ် ဆက်ဆံရေးကြောင့် တရုတ်ရဲ့ စစ်ရေးအင်အားပြမှုတွေ ပိုမိုပြင်းထန်လာပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ထိုင်ဝမ်ကျွန်းရဲ့ ရေပိုင်နက်ထဲကို စစ်လေယာဉ် ၇၁ စင်းနဲ့ သင်္ဘော ၇ စင်း စေလွတ်ခဲ့ပါသေးတယ်။

တရုတ်ရဲ့ စစ်အင်အားပြသမှုတွေနဲ့အတူ တရုတ်ရဲ့ အုပ်ချုပ်မှုအောက်ကို ပြန်လည်ဝင်ရောက်ဖို့ကလွဲလို့ အခြားရွေးချယ်စရာမရှိဘူးဆိုတဲ့ ထင်ကြေးပေးမှုတွေဟာ ထိုင်ဝမ် ထိပ်တန်းခေါင်းဆောင်တွေ ကြားမှာ ထွက်ပေါ်လာခဲ့ပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ်တို့ဟာ တရားဝင် ဆက်ဆံရေးမရှိဘူးဆိုပေမယ့် ထိုင်ဝမ်ကို ကာကွယ်ရေးနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းရောင်းချမှုမှာ အမေရိကန်က ထိပ်တန်းနိုင်ငံတစ်ခုဖြစ်ပါတယ်။

တရုတ်ကလည်း ထိုင်ဝမ်ကို အချုပ်အခြာအာဏာပိုင် ဒေသတစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်အရေးမှာ အမေရိကန်ကို ဝင်ရောက်နှောက်ယှက်ခြင်းမပြုလုပ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။

— ကိုးကား —
AP
Ref; US to sell Taiwan anti-tank system amid rising China threat

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။