Trending Now

မိုးညှင်းမြို့ပေါ်ရပ်ကွက်အတွင်း ဆိုင်ကယ်စီးလာသူ အမျိုးသမီးနှစ်ဦးအား တားဆီးစစ်ဆေးရာ မူးယစ်ဆေးဝါးများတွေ့ရှိ

Spread the love

မိုးညှင်းမြို့ပေါ်ရပ်ကွက်အတွင်း ဆိုင်ကယ်စီးလာသူ အမျိုးသမီးနှစ်ဦးအား တားဆီးစစ်ဆေးရာ မူးယစ်ဆေးဝါးများတွေ့ရှိ

EPN
မိုးညှင်း၊ မေ ၆

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အောင်သပြေရပ်ကွက်အတွင်း ယမန်နေ့ ညနေပိုင်းက ဆိုင်ကယ် စီးနင်းလာသူ အမျိုးသမီးနှစ်ဦးအား တားဆီးစစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများ တွေ့ရှိသဖြင့် ဥပဒေနှင့် အညီ အရေးယူထားကြောင်း မိုးညှင်းမြို့မရဲစခန်းက သိရသည်။

မူးယစ်ဆေးဝါးသတင်းအရ မိုးညှင်းမြို့ မူးယစ်တပ်ဖွဲ့စု (၃)မှ ရဲအုပ်ဝင်းကျော်ကျော် ရဲအုပ်မျိုးသက်ထွန်း တပ်ကြပ်ကြီး နေမျိုးထွန်း၊ ဒုတပ်ကြပ်မြင့်သန်းဦးတို့သည် သက်သေများနှင့်အတူ မေလ(၅)ရက်နေ့ ညနေ ၅နာရီအချိန်ခန့်က မိုးညှင်းမြို့ အောင်သပြေ(၂)ရပ်ကွက် ဈေးအနောက်ဘက်လမ်းသွယ်တွင် စောင့်ဆိုင်း
နေစဉ် ခေါန်နူး မောင်းနှင်ပြီး ခေါန်နန်လိုက်ပါလာသော CANDA 125 နီ/ညိုရောင် ဆိုင်ကယ်အား တားဆီး စစ်ဆေးခဲ့ရာ ခေါန်နူး ၏ ယာဘက်လက်အတွင်း ကိုင်ထားသည့် အနက်ရောင်ကြွပ်ကြွပ်အိတ် အတွင်းရှိ ရောင်စုံဆပ်ပြာခွက်ထဲမှ ဘိန်းဖြူဟု ယူဆရသည့် ဖြူ/ဝါမှုန့် အလေးချိန် (၁၀) ဂရမ်စီပါ(၂)ခွက် စုစုပေါင်း အလေးချိန် (၂၀)ဂရမ်နှင့် ခေါန်နူးလွယ်ထားသည့် သိုင်းကြိုးပါ နီညိုရောင် မိန်းမကိုင် ပိုက်ဆံအိတ် အတွင်းမှ VIVO အမျိုးအစားလက်ကိုင်ဖုန်းနှင့် ငွေစက္ကူရောရာ (၇၄၈၀၀) ကျပ် ခေါန်နန် လွယ်ထားသည့် သိုင်းကြိုးပါ အစိမ်းရောင် မိန်းမကိုင်ပိုက်ဆံအိတ်အတွင်းမှ realme အမျိုးအစား လက်ကိုင်ဖုန်းနှင့် ငွေစက္ကူရောရာ (၁၃၄၅၀) ကျပ်တို့အား ရှာဖွေတွေ့ရှိခဲ့သဖြင့် ဥပဒေနှင့်အညီ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ အဖွဲ့သည် အောင်သပြေ (၁)ရပ်ကွက်ရှိ ခေါန်နူး နှင့် ခေါန်နန် တို့ နေအိမ်အား သက်သေများနှင့် အတူ သွားရောက် ရှာဖွေရာ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိရပေ။

ထို့ကြောင့် ခေါန်နူး၊ (၃၆)နှစ်၊ (ဘ)ဦးစကနော်၊ အောင်သပြေ(၁)ရပ်ကွက်၊ မိုးညှင်းမြို့နေထိုင်သူနှင့် ခေါန်နန်၊ (၂၉)နှစ်၊ (ဘ)ဦးဖေါဂန်လဂျာ၊ အောင်သပြေ(၁)ရပ်ကွက် မိုးညှင်းမြို့ နေထိုင်သူတို့အား မိုးညှင်းမြို့မရဲစခန်းမှ မယ(ပ) ၇၂/၂၀၂၀ ပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။