Trending Now

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ပြန်လည်ဖြစ်ပွားခြင်းကြောင့် ပြင်သစ်မြောက်ပိုင်းရှိ စာသင်ကျောင်းအချို့ကို ပိတ်ထား

Spread the love

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ပြန်လည်ဖြစ်ပွားခြင်းကြောင့် ပြင်သစ်မြောက်ပိုင်းရှိ စာသင်ကျောင်းအချို့ကို ပိတ်ထား

EPN
နိုင်ငံတကာ၊ မေ ၁၉

ပြင်သစ်အစိုးရက ကန့်သတ်ချက်များ ဖြေလျော့ကာ ကလေးငယ်များကို ကျောင်းပြန်တက်ခွင့်ပြုပြီး တစ် ပတ်အကြာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၇၀ ခန့်မှာ စာသင်ကျောင်းများနှင့် ဆက်စပ်မှုရှိခြင်းကြောင့် ပြင်သစ် နိုင်ငံမြောက်ပိုင်းရှိ စာသင်ကျောင်း ခုနှစ်ကျောင်းကို နောက်တစ်ကြိမ် ပိတ်ထားလိုက်ပြီဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၇၀ မှာ မကြာသေးမီက ပြန်လည်ဖွင့်လှစ်ခဲ့သည့် နေ့ကလေးထိန်းဌာနနှင့် မူလတန်းကျောင်းများတွင် ဖြစ်ပွားခဲ့ခြင်းကြောင့် မေလ ၁၁ ရက်မှစ၍ စာသင်ကျောင်းခုနှစ်ကျောင်းကို ပိတ် ထားခဲ့ကြောင်း ပြင်သစ် ပညာရေးဝန်ကြီး ဂျင်းမိုက်ကယ်ဘလန်ကွာ၏ ပြောကြားချက်အရ သိရသည်။

မာယန်နီ၊ ကန်တယ်လ်၊ ဟော်တီဂရွန်နီနှင့် နိုက်စ်မြို့ရှိ စာသင်ကျောင်းခုနှစ်ကျောင်းကို ပိတ်ခဲ့ကြောင်း ဘလန်ကွာက ဆိုသည်။ ထိုသို့ စာသင်ကျောင်းများ ပိတ်ထားခြင်းကြောင့် ပြင်သစ်နိုင်ငံ၊ “အစိမ်းရောင်ဇုန်များ” ရှိ ပဉ္စမတန်းနှင့် ဆဌမတန်းကျောင်းသူ၊ကျောင်းသားများ တစ်ဖြည်းဖြည်း ကျောင်းပြန်တက်မှုကို ထိခိုက်စေမည်မ ဟုတ်ဟု ယူဆရသည်။

စာသင်ကျောင်းများ ပိတ်လိုက်ခြင်းက ဘေးအန္တရာယ်ကင်းရေးနှင့်ပတ်သက်၍ တင်းကျပ်စွာ ဆောင်ရွက် သည်ကို ပြသနေကြောင်း ၄င်းက ပြောသည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၇၀ တွင် ကျောင်းသူ၊ကျောင်းသားများ၊ ဆရာ၊ဆရာမများ ပါဝင်ခြင်းရှိ မရှိ ဘလန်ကွာက မပြောကြားခဲ့သော်လည်း ရောဂါအစပျိုးသည့်ကာလမှာ ရှည် လျားခြင်းကြောင့် ကျောင်းပြန်မတက်မီ လူအများစုကို ကူးစက်ခဲ့ဖွယ်ရှိကြောင်း သူက ဆိုသည်။

ပြင်သစ်နိုင်ငံတွင် ကလေးငယ် ၃၀ ရာခိုင်နှုန်းခန့် ကျောင်းပြန်တက်ပြီဟု သူက ဆိုသည်။ ကလေးငယ် များ နေအိမ်၌သာဆက်နေရန် အစိုးရက မိဘများကို ခွင့်ပြုခဲ့သော်လည်း ထိုသို့ခွင့်ပြုမှုက အကောင်းထက် အဆိုး ဖြစ်စေကြောင်း၊ စာသင်ကျောင်းမသွားသည့် အကျိုးဆက်များက ပိုဆိုးကြောင်း ဘလန်ကွာက ပြောသည်။
ပြင်သစ်နိုင်ငံရှိ ကျောင်းသူ၊ ကျောင်းသား ၇၀ ရာခိုင်နှုန်းက စာသင်ခန်းများသို့ ပြန်သွားခြင်းထက် အဝေး သင်ပညာသင်ကြားရေးသင်ခန်းစာများ ဆက်လက်အသုံးပြုနေဟု သူက ဆိုသည်။

–ကိုးကား-
အေအက်ဖ်ပီ
Ref; France Closes Schools After COVID-19 Flareup Infects 70


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။