Trending Now

ထိုင်ဝမ်ကို ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ကြေးရှိ လက်နက်တွေ ရောင်းချဖို့ အမေရိကန် အတည်ပြု

Spread the love

ထိုင်ဝမ်ကို ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ကြေးရှိ လက်နက်တွေ ရောင်းချဖို့ အမေရိကန် အတည်ပြု

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၃
ထိုင်ဝမ်ကို လက်နက် ဒေါ်လာ ၁.၁ ဘီလျံဖိုး ရောင်းချဖို့ အမေရိကန်က အတည်ပြုလိုက်ပြီလို့ ပင်တဂွန်စစ်ဌာနချုပ်က မနေ့က ကြေညာခဲ့ပါတယ်။ ဒါဟာ အမေရိကန်နဲ့ တရုတ်တို့ကြား တင်းမာမှုတွေ ပိုဆိုးလာစေနိုင်တဲ့ တစ်ခုအဖြစ် ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
ရောင်းချသွားမယ့် လက်နက်တွေထဲမှာ သင်္ဘောဖျက်ဒုံးကျည် ၆၀၊ ဝေဟင်ပစ် ဒုံးကျည် ၁၀၀ နဲ့ အခြားလက်နက်တွေအပြင် ထောက်လှမ်းရေးဆိုင်ရာ အထောက်အပံ့တွေ ပါဝင်မယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဘက်က ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်ရေးကို ထိခိုက်စေတဲ့ အဆိုပါ လက်နက်ရောင်းချမှုကို ချက်ချင်းရုတ်သိမ်းဖို့ အမေရိကန်ကို တောင်းဆိုခဲ့ပြီး လိုအပ်တဲ့ တန်ပြန်အစီအစဉ်တွေကို ပြတ်ပြတ်သားသား ဆောင်ရွက်သွားမယ်လို့ ဝါရှင်တန်တရုတ်သံရုံးက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်ကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပြီး တရုတ် ရဲ့ လတ်တလော ရန်စမှုတွေ နဲ့ စစ်ရေးအရ ဖိအားပေးနေတာတွေကို ရင်ဆိုင်ရာမှာ အထောက်အကူ ဖြစ်စေကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
— ကိုးကား —
Aljazeera
ref; US approves potential $1.1bn weapons sale to Taiwan

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။