Trending Now

ငါးခြောက်အိတ်ထဲက မောင်းပြန်ရိုင်ဖယ်သေနတ်နဲ့ ကျည်ဆံတွေ ဖမ်းမိ

Spread the love

ငါးခြောက်အိတ်ထဲက မောင်းပြန်ရိုင်ဖယ်သေနတ်နဲ့ ကျည်ဆံတွေ ဖမ်းမိ

EPN
ပခုက္ကူ ၊ အောက်တိုဘာ ၂၆

မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၃ ရပ်ကွက် ၊ ထင်းတန်းလမ်းမှာ မနေ့ အောက်တိုဘာ ၂၅ ရက် နေ့လည်ပိုင်းက ကားတစ်စီးပေါ်ကနေ သယ်ဆောင်လာတဲ့ ငါးခြောက်အိတ်ထဲက သေနတ်နဲ့ ကျည်ဆံတွေ ဖမ်းမိတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” ထင်းတန်းလမ်းပေါ်မှာ မသင်္ကာဖွယ်ရာ ကုန်တင်ကား တစ်စီးရပ်ထားတာကို လုံခြုံရေးအဖွဲ့က လာရောက်စစ်ဆေးတဲ့အခါ ငါးခြောက်အိတ်ထဲကနေ သေနတ်နဲ့ ကျည်ဆံတွေ ဖမ်းမိသွားတာ ” လို့ မြင်တွေ့လိုက်ရတဲ့ ဒေသခံ တယောက်က ပြောပါတယ်။

အဲ့ဒီ လက်နက်ခဲယမ်း ဖမ်းမိတာနဲ့ ပတ်သက်ပြီး ပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က

” ယာဥ်မောင်း ရန်နိုင်ဦး ရဲ့ကုန်ကားပေါ်ကနေ ဖမ်းမိတာပါ ၊ ငါးခြောက်အိတ်ထဲကနေ M4 မောင်းပြန်သေနတ် ၁ လက် ၊ ကျည်ဆံ အတောင့် ၅၀ ၊ ကျည်အိမ် တခုဖြစ်တယ် ၊ အမှုဖွင့်အရေးယူထားတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပခုက္ကူမြို့ပေါ်မှာ အကြမ်းဖက်သမားတွေဆီ ပို့ဆောင်ပေးမယ့် အဝတ်အထည် ၊ ဆေးနဲ့ ဆေးပစ္စည်း အပြင် အစားအသောက်တွေ သယ်ဆောင်လာတဲ့ကုန်တင်ကားတစ်စီး ဖမ်းခံရပါသေးတယ်။

သွန်းသွန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။