Trending Now

ရန်ကုန် – ချောင်းသာ အပျော်စီးဇိမ်ခံသင်္ဘော ခရီးစဉ် လိုက်ပါ စီးနင်းရန် ကြိုတင် မှာယူမှုများဖြင့်ပြည့်

Spread the love

ရန်ကုန် – ချောင်းသာ အပျော်စီးဇိမ်ခံသင်္ဘော ခရီးစဉ် လိုက်ပါ စီးနင်းရန် ကြိုတင် မှာယူမှုများဖြင့်ပြည့်

EPN
ပုသိမ်၊ အောက်တိုဘာ ၂၅ (၂၀၂၃)

ပြည်တွင်း ခရီးသွား ကုမ္ပဏီတစ်ခုက စီစဉ်ခဲ့သည့် ရန်ကုန် – ချောင်းသာ အပျော်စီး ဇိမ်ခံသင်္ဘောခရီးစဉ်၌ လိုက်ပါစီးနင်းနိုင်ရန် ကြို တင်လက်မှတ် မှာယူမှုများဖြင့် လိုက်ပါလိုသူများ ပြည့်သွားပြီ
ဖြစ်ကြောင်း ဧရာဝတီတိုင်း ခရီးသွားလုပ်ငန်း အသင်းတာဝန်
ရှိသူထံမှ သိရသည်။

အဆိုပါ ရန်ကုန်-ချောင်းသာ ခရီးစဉ်ကို ၂ ညအိပ် ၃ ရက် ခရီး အဖြစ် စီစဉ်ထားပြီး လက်မှတ်ခနှုန်းထားများသည် Suite Cabin with Private Bathroom နှစ်ယောက် အိပ်ခန်းတွင် တည်းခိုပါက ကျပ် ၁၅ သိန်း၊ သုံးယောက်အိပ်ခန်း တွင်တည်းခိုပါက ငွေကျပ် ၁၄ သိန်းဟုသတ်မှတ်ထားကြောင်း အဆိုပါ ခရီးသွားလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောပြသည်။

”အဲ့ဒီ ရန်ကုန် – ချောင်းသာ အပျော်စီးဇိမ်ခံသင်္ဘောခရီးစဉ်ကို
Moken Capital ကုမ္မဏီက စီစဉ်တာလို့သိရတယ်။ ခရီးစဉ်တွေက တွံတေးမြို့နဲ့ တွံတေးတူးမြောင်းရှိ သဘာဝရှုခင်းတွေ ကြည့်ရှု့နိုင်မယ်။ မြစ်ဝကျွန်းပေါ်ဒေသ (Delta Region) ရဲ့ သဘာဝအလှတရားများနဲ့ နေဝင်ချိန်ကို cruise ပေါ်မှ ခံစားကြည့်ရှုရမယ်။ မော်တင်စွန်း တန်ခိုးကြီး ဘုရားကို သွားရောက် ဖူးမြော်မယ်။ ဒါ့အပြင် ဟိုင်းကြီးကျွန်းကို သွားရောက် လည်ပတ် ဂေါ်ရင်ဂျီကမ်းခြေမှ လှပသောကျောက် ဆောင်ရှုခင်းများ ကြည့်ရှုခြင်းနဲ့ ချောင်းသာကမ်းခြေမှာလည်း လည်ပတ်ခြင်းတွေ ပါဝင်ပါတယ်။”ဟု ၎င်းက ဆိုသည်။

အဆိုပါ အပျော်စီးသင်္ဘောပေါ်၌ အိပ်ခန်း ၅ ခန်းပါဝင်ပြီး ညအိပ် ဧည့်သည် ၁၃ ဦး တည်းခိုနိုင်ပြီး ပထမဆုံး ခရီးစဉ်ကို ယခု အောက်တိုဘာ ၂၂ ရက်၌ ရန်ကုန်မြို့မှ စတင်ထွက်ခွာပြေးဆွဲ
လျက်ရှိကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။