Trending Now

၉၆၉ မျိုးဆက်သစ် (အခမဲ့) သွေးအလှူရှင်အသင်း (၁၁) နှစ်ပြည့်နှင့် ဗြဟ္မစာရီ ပရဟိတကွန်ယက် (၂) နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်မည်

Spread the love

၉၆၉ မျိုးဆက်သစ် (အခမဲ့) သွေးအလှူရှင်အသင်း (၁၁) နှစ်ပြည့်နှင့် ဗြဟ္မစာရီ ပရဟိတကွန်ယက် (၂) နှစ်ပြည့် အခမ်းအနား ကျင်းပပြုလုပ်မည်

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၇ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ နယ်မြေ (၇) ရှိ မျိုးဆက်သစ်ဓမ္မစင်တာ ပရဟိတကျောင်းတော်တွင် ၉၆၉ မျိုးဆက်သစ် (အခမဲ့) သွေးအလှူရှင်အသင်း (၁၁) နှစ်ပြည့်နှင့် ဗြဟ္မစာရီ ပရဟိတကွန်ယက် (၂) နှစ်ပြည့် အခမ်းအနားကို ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအခမ်းအနားကို နှစ်စဉ်ပြုလုပ်လျက်ရှိရာ တစ်နှစ်တာအတွင်း ဗြဟ္မစာရီ ပရဟိတကွန်ယက်အတွက် အလှူရှင်များ၊ ၉၆၉ မျိုးဆက်သစ် (အခမဲ့) သွေးအလှူရှင်အသင်းမှ အလှူရှင်များ၊ မျိုးဆက်သစ်ဓမ္မစင်တာ ပရဟိတကျောင်းတော်တွင် နေစဉ်အရုဏ်ဆွမ်းအလှူရှင်များနှင့် အခြားသောအလှူရှင်များအတွက် စုပေါင်းလှူဒါန်းမှုများကိုသာဓုအနုမောဓနာ ခေါ်ဆိုနိုင်ရန် ရေစက်ချ အခမ်းအနားဖြစ်ကြောင်း မျိုးဆက်သစ်ဓမ္မစင်တာ ပရဟိတကျောင်း ဆရာတော်မှ မိန့်ကြားခဲ့သည်။

” မနက်မှာ နန်းကွေ့ နယ်မြေ (၇)မှာရှိတဲ့ မျိုးဆက်သစ်ဓမ္မစင်တာ ပရဟိတကျောင်းတော်မှာ ကျင်းပပြုလုပ်သွားမှာပါ။ ရည်ရွယ်ချက်ကတော့ ၉၆၉ မျိုးဆက်သစ် (အခမဲ့) သွေးအလှူရှင်အသင်း (၁၁) နှစ်ပြည့်နဲ့ ဗြဟ္မစာရီ ပရဟိတကွန်ယက် (၂) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြုလုပ်တာပါ။ နောက်ပြီး တစ်နှစ်တာ အလှူရှင်အားလုံးအတွက် သာဓုခေါ်ဆိုနိုင်ဖို့ ရေစက်ချတဲ့ပွဲလည်းဖြစ်တယ် ” ဟု မိန့်ကြားခဲ့သည်။

အဆိုပါ ၉၆၉ မျိုးဆက်သစ် (အခမဲ့) သွေးအလှူရှင်အသင်း အနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ခုနှစ်အတွင်း သွေးအလုံးရေ (၁၁၆၆)လုံး၊ ၁၁နှစ် အတွင်း စုစုပေါင်းသွေးအလုံးရေ ၁၀၁၆၁လုံး လှူဒါန်းနိုင်ခဲ့ကြောင်း၊ (၂၀၂၂)ခုနှစ် ဇန်နဝါရီလမှ (၂၀၂၃)ခုနှစ် ဇန်နဝါရီလ အထိ (၂)နှစ်အတွင်း လစဉ်သဒ္ဓါထက်သန်စွာ စုပေါင်းလှူဒါန်းခဲ့သည့် ငွေကျပ် (၂၄) သိန်းကျော်အတွက် စုပေါင်းရေစက်ချခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း ၉၆၉ မျိုးဆက်သစ် (အခမဲ့) သွေးအလှူရှင်အသင်းကို (၂၀၁၃)ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်တွင် လည်းကောင်း၊ ဗြဟ္မစာရီ ပရဟိတကွန်ယက်ကို (၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်တွင်လည်းကောင်း စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။