Trending Now

ဖားကန့်မြို့နယ်အတွင်း CSR လုပ်ငန်းဆောင်ရွက်မည့် နေရာများအား ပြည်နယ်သံယံဇာတဝန်ကြီး ကွင်းဆင်းစစ်ဆေး

Spread the love

ဖားကန့်မြို့နယ်အတွင်း CSR လုပ်ငန်းဆောင်ရွက်မည့် နေရာများအား ပြည်နယ်သံယံဇာတဝန်ကြီး ကွင်းဆင်းစစ်ဆေး

EPN
ဖားကန့်၊ မေ ၁၀

ဖားကန့်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းသည် ဌာနဆိုင်ရာများ လိုက်ပါလျှက် ယနေ့ မေလ(၁၀)ရက် နံနက်ပိုင်း အချိန်မှ စတင်၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးနေကြောင်း သိရသည်။

ဝန်ကြီးနှင့်အဖွဲ့သည် ဖားကန့်မြို့အတွင်းရှိ အေးမြသာယာ (မော်မောင်းမြေထိန်းနံရံ)၊ဆိပ်မူကျေးရွာ (ယူမာ၊ ဂျန်ဂတ်ချောင်းကူးတံတား)၊ မြို့မရပ်ကွက်အထက (ဖားကန့်)မြေထိန်းနံရံ ပြုလုပ်ခြင်းလုပ်ငန်းများ အပါ အဝင် နေရာ(၁၃)နေရာမှ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

အဆိုပါ CSR ဖွံ့ဖြိုးရေးရံပုံငွေ လုပ်ငန်းများမှာ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်အတွင်းမှ လုပ်ငန်းများ ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးဒါရှီလဆိုင်းသည် မေလ(၈)ရက်နေ့စတင်၍ ဖားကန့်ဒေသသို့ရောက်ရှိ၍ ဥရုချောင်းရှင်းလင်းရေးလုပ်ငန်း၊ လစ်လပ်လုပ်ကွက်များအား သစ်ပင်များပြန်လည်စိုက်ပျိုးထားရှိမှုများနှင့် အန္တရာယ်ရှိ မြေစာပုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးနေကြောင်း သိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။