Trending Now

မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အိမ်ခြေတစ်ရာကျော်သို့ သောက်သုံးရေ လှူဒါန်းခဲ့

Spread the love

မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အိမ်ခြေတစ်ရာကျော်သို့ သောက်သုံးရေ လှူဒါန်းခဲ့

EPN
မိုးညှင်း၊ မေ ၈

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များသည် ကမ္ဘာ့ကြက်ခြေနီနေ့အား ဂုဏ်ပြုသော အားဖြင့် မေလ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ရာသီဥတု အပူဒဏ်ကြောင့် ရေတွင်းများ ခမ်းခြောက်၍ သောက်သုံးရေအခက်အခဲရှိသော မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအုပ်စု နတ်ကြီးကုန်း ကျေးရွာရှိ အိမ်ခြေ (၁၀၀) ကျော်အား ‌သောက်သုံးရေဗူးများ လှူဒါန်းဖြန့်ဝေခဲ့ကြသည်။

ထိုသို့ သောက်သုံးရေဖြန့်ဝေလူဒါန်းရာသို့ ပြည်ခိုင်ဖြိုးပါတီ ကချင်ပြည်နယ်ကော်မတီဝင် ဦးစိုးဝင်း၊ မိုးညှင်း
ခရိုင်ဥက္ကဌ ဦးစိန်ဝင်းထွန်း၊ မြို့နယ်ကော်မတီဝင်များဖြစ်သော ဦးခိုင်ဇော်ထွန်း၊ ဦးမြလွင်၊ ဦးဇော်ဝင်း၊ ‌မော်ဟန်ကျေးရွာအုပ်စု ပါတီဥက္ကဌ ဦးအောင်သိန်းတို့မှ ကွင်းဆင်း၍ ကာယကံရှင်များ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြရာ မော်ဟန်ကျေးရွာအုပ်စု ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ခွဲမှူး ဦးဟန်ထွေးနှင့် တပ်ဖွဲ့ဝင်များမှလည်း ယနေ့ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် လုပ်အားဒါနပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီအနေနှင့် မိုးညှင်းမြို့နယ် အတွင်း COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဖြစ်သည့် ပိုးသတ်ဆေးဖြန်းခြင်း၊ လက်သန့်ဆေးဝေငှခြင်း စသည့် လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။