Trending Now

မြောင်းမြမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးထားသူများ အပါအဝင် ကိုဗစ်ရောဂါဖြင့်သေဆုံးသူ ယခုလ အတွင်း ၆ ဦးအထိရှိလာ

Spread the love

မြောင်းမြမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးထားသူများ အပါအဝင် ကိုဗစ်ရောဂါဖြင့်သေဆုံးသူ ယခုလ အတွင်း ၆ ဦးအထိရှိလာ

EPN
အောက်တိုဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြမြို့နယ်တွင်ယခုလ ရက် ၂၀ အတွင်း ကိုဗစ်-၁၉ရောဂါဖြင့် သေဆုံးသူ ၆ ဦးရှိလာပြီး သေဆုံးရသူများထဲတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးထားသူများပါဝင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အခြေ ပြုနာရေးကူညီမှု အသင်းထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့ရသည့် ၆ ဦးသည် အောက်တိုဘာ ၃ ရက်မှ ၂၃ ရက်အထိသေဆုံးခဲ့ခြင်းဖြစ်
ပြီး သေဆုံးသူများသည် အသက်အငယ်ဆုံးအနေဖြင့် ၄၀ အရွယ်ဖြစ်ပြီး အသက်ကြီးပိုင်းတွင် ၅၅ နှစ်မှ ၆၈ နှစ်ကြား အရွယ်များဖြစ်ကြောင်းသိရပြီး သေဆုံးခဲ့သူ ၆ ဦးထဲတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုး ထားသူ ၂ ဦးအထိ ပါဝင်ကြောင်း သိရသည်။

”လူတွေသာမာန်ပဲဆိုပြီနေနေတယ် ၊ အရင်တုန်းက သေဆုံးသူတွေ ထဲမှာကာကွယ်ဆေးထိုး ထားတဲ့သူတွေ မပါဘူး ၊ အခုတော့ ကာကွယ်ဆေးထိုးထားတဲ့ သူတွေ ပါလာတယ်၊ သေဆုံးနှုန်းကလည်း စိပ့်ပါလာတယ် ၊ အဲဒါ စိတ်ပူရမဲ့ အခြေအနေပဲ ၊ကျန်းမာရေးဌာနကတော့ ရောဂါကူးစက်ခံရတာ ကွင်းဆက်ဖြတ်ဖို့လုပ်နေပါတယ် ၊ ရောဂါပိုးရှိသူတွေ နဲ့ထိတွေ့ထားသူတွေကိုအသွား အလာကန့်သတ်ထားတယ်၊ စောင့်ကြည့် စစ်ဆေးတယ် ၊”ဟု ဧရာဝတီတိုင်းဒေသကြီး အခြေ ပြုနာရေးကူညီမှု အသင်းမှတာဝန်ရှိသူ တစ်ဦးကပြောသည်။

မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြင့် သေဆုံးရသူ များရက်ဆက်ဖြစ်ပေါ်လာသော်လည်း အလှူပွဲ၊မင်္ဂလာပွဲများ ကို ပြီးခဲ့သည့် နှစ်ထက်ကျင်းပပြုလုပ်နေပြီး အလှူမင်္ဂလာ ပွဲများ၊ အသုဘအခမ်းအနားများ၊ ဈေးများ၊ စားသောက် ဆိုင်များတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ နေထိုင် စားသောက်သွားလာခြင်းမရှိဘဲပုံမှန်အတိုင်းသွားလာရောင်းဝယ်ဖောက်ကားနေကြခြင်းကို တွေ့ရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

”ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီးလူတွေက ပေါ့ပေါ့လျော့လျော့နေလာကြတယ် ၊ ကိုဗစ်ရောဂါက လူတွေအတွက် မထူး ဆန်းတော့သလိုဖြစ်လာတယ် ၊ရပ်ကွက်ထဲက နားရေး ကိစ္စက အလှူမင်္ဂလာပွဲကြီးတွေအထိ Mask မတပ်ကြ တာတွေ့ရတယ် ၊ ပေါ့ဆတဲ့ဒဏ်ကို ခံရမယ်လို့ထင်တယ် ၊တစ်ဦးထဲ တစ်ယောက်ထဲ လုပ်လို့မရတဲ့ ကိစ္စမို့ သတိထားစေချင်တယ် ၊”ဟု မြောင်းမြမြို့ခံတစ်ဦး ကပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ခုနှစ်နှင့် ၂၀၂၁ခုနှစ်များက ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြို့နယ်တွင် ကိုဗစ်-၁၉
ရောဂါဖြစ်ပွားသည့် အတည်ပြုလူနာ တစ်သောင်းကျော်ရှိခဲ့ပြီး စည်းကမ်းလိုက်နားမှုအားနည်းခြင်းကြောင့် နှင့် အောက်စီဂျင် အခက်အခဲများကြောင့် လူဦးရေး ၂၀၀ ကျော်မှာကိုဗစ်-၁၉ ရောဂါဖြင့်သေဆုံးခဲ့ရကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။