Trending Now

ဝန်ကြီးချုပ်ဖြစ်ရန် လုံလောက်တဲ့မဲ ပီတာမရသေး၊ ဒုတိယအကြိမ်မဲပေးရွေးချယ်ပွဲ ဇူလိုင် ၁၉ ရက်နေ့ သတ်မှတ်

Spread the love

ဝန်ကြီးချုပ်ဖြစ်ရန် လုံလောက်တဲ့မဲ ပီတာမရသေး၊ ဒုတိယအကြိမ်မဲပေးရွေးချယ်ပွဲ ဇူလိုင် ၁၉ ရက်နေ့ သတ်မှတ်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၄

Move Forward ပါတီရဲ့ ဝန်ကြီးချုပ်လောင်း ပီတာလင်းဂျားရင်းနတ်ဟာ ဇူလိုင်လ ၁ ရက် (ကြာသပတေး နေ့) မှာကျင်းပခဲ့တဲ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ လုံလောက်တဲ့မဲမရရှိခဲ့ဘူးလို့ The Nation မီဒီယာမှာ ရေး သားဖော်ပြထားပါတယ်။

ပီတာကို ညွန့်ပေါင်း ၈ ပါတီက မဲအများဆုံးပေးခဲ့တာဖြစ်ပြီး စုစုပေါင်း ၃၂၄ မဲရရှိခဲ့တဲ့အတွက် ဝန်ကြီး ချုပ်ဖြစ်ဖို့ လိုအပ်တဲ့ မဲအရေအတွက် ၃၇၅ မဲ မရရှိသေးဘူးလို့ဆိုပါတယ်။

ဝန်ကြီးချုပ်ရွေးချယ်ပွဲအတွက် ဒုတိယအကြိမ်မဲပေးရွေးချယ်မှုကို ဇူလိုင်လ ၁၉ ရက်နေ့မှာ ထပ်မံကျင်းပ သွားမှာ ဖြစ်ပါတယ်။
ကြာသပတေးနေ့က လွှတ်တော်တွင်း ခြောက်နာရီကြာဆွေးနွေးငြင်းခုန်ပြီးနောက် ညနေ ၄ နာရီခန့်မှာ ဝန်ကြီး ချုပ်သစ်ရွေးချယ်ဖို့ မဲပေးပွဲကို လွှတ်တော်ဥက္ကဋ္ဌ ဝန်မူဟာမက်နော်မာသာက ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားသူဟာ ပီတာတစ်ဦးတည်းပဲရှိတယ်လို့ ဆိုပါတယ်။ မဲပေးရွေးချယ်ပွဲလုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ခဲ့ပြီး ရရှိလာတဲ့အဖြေတွေကို လွှတ်တော် အမတ် ခြောက်ဦးနဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီတစ်ခုက ရေတွက်ပါတယ်။

လွှတ်တော်အစည်းအဝေးကို အထက်လွှတ်တော်အမတ် ၂၁၆ ဦးနဲ့ အောက်လွှတ်တော်အမတ် ၄၆၀ ဦး စုစုပေါင်း ၆၇၆ ဦးတက်ရောက်ခဲ့ပါတယ်။

နှစ်နာရီကြာမဲပေးပွဲအပြီးမှာ ပီတာဟာ လုံလောက်တဲ့အနိမ့်ဆုံးမဲအရေအတွက် ၃၇၅ မဲ မရရှိခဲ့တဲ့အတွက် ၎င်းကို ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ခြင်းမရှိကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့ပါတယ်။

ပီတာဟာ ထောက်ခံမဲ ၃၂၄ မဲနဲ့ ကန့်ကွက်မဲက ၁၈၂ မဲ ရရှိပြီး ကြားနေမဲ ၁၉၉ မဲ ဖြစ်ပါတယ်။
ထိုင်းအာဏာသိမ်းစစ်တပ်ကခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ အနက် ၁၃ ဦးက ပီတာကို ထောက်ခံမဲပေးပြီး ၃၉ ဦးက ကန့်ကွက်ကာ ၁၅၉ ဦးက ကြားနေမဲဖြစ်ပါတယ်။

ဒုတိယအကြိမ် ဝန်ကြီးချုပ်လောင်းမဲပေးရွေးချယ်ပွဲကို ဇူလိုင်လ ၁၉ ရက်နေ့နဲ့ ၂၀ ရက်နေ့မှာ ဆက် လက်ကျင်းပသွားမှာဖြစ်ပါတယ်။

ပီတာကတော့ မဲပေးရွေးချယ်ပွဲရလဒ်ကို လက်ခံပေမဲ့ အလျှော့ပေးမှာမဟုတ်ဘူးလို့ဆိုပါတယ်။ ၎င်းအနေနဲ့ နောက်ထပ်ကျင်းပမယ့် မဲပေးရွေးချယ်ပွဲကို အာရုံစိုက်နေပြီး လွှတ်တော်တွင်း မဲအရေအတွက် ပိုမိုရရှိ အောင် မဟာဗျူဟာသစ်တစ်ခုချမှတ်ဖို့ ဆောင်ရွက်နေတယ်လို့ပြောပါတယ်။

ဖုန်ဂျိုင်ထိုင်းပါတီအပါအဝင် ပါတီအများအပြားတင်ပြထားတဲ့ အဓိကဆွေးနွေးငြင်းခုန်ရတဲ့အကြောင်းအရာ ဖြစ်ပြီး အထက်လွှတ်တော်အမတ်တွေ ၎င်းကိုမထောက်ခံတဲ့ အကြောင်းရင်းဖြစ်တဲ့ ပုဒ်မ ၁၁၂ ပြင်ဆင်ရေး ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းချိန်မှာတော့ “ဥပဒေပြင်ဆင်ရေးဟာ ပြည်သူကို ပေးထားတဲ့ကတိကဝတ် ဖြစ်လို့ အဲဒီဥပဒေပြင်ဆင်ရေးကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း” ပီတာက ပြောပါတယ်။

၎င်းကိုထောက်ခံမဲပေးခဲ့တဲ့ အထက်လွှတ်တော်အမတ် ၁၃ ဦးကိုလည်း ကျေးဇူးတင်ရှိကြောင်း ပီတာက ပြောပါတယ်။

Ref: Pita fails to win election for PM, second round set for July 19: The Nation

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။