Trending Now

ဆိုင္​ကယ္​စီးနင္​းလာသူကိုရပ္​တန္​႔ရွာ​ေဖြရာ မူးယစ္​​ေဆးဝါးမ်ားဖမ္​းဆီးရမိ

Spread the love

ဆိုင္​ကယ္​စီးနင္​းလာသူကိုရပ္​တန္​႔ရွာ​ေဖြရာ မူးယစ္​​ေဆးဝါးမ်ားဖမ္​းဆီးရမိ

EPN
ဟိုပင္​၊ မတ္​ ၁၆

ကခ်င္​ျပည္​နယ္​၊ ဟိုပင္​ၿမိဳ႕၊ သဲဂုဏ္​လမ္​းဆံုတြင္​ယ​ေန႔၊ ည​ေန(၄)နာရီခြဲအခ်ိန္​ခန္​႔က နန္​းမားဘက္​မွ ဟိုပင္​ဘက္​သို႔ ဆိုင္​ကယ္​စီးနင္​းလာသူကို ရပ္​တန္​႔ရွာ​ေဖြရာမူးယစ္​​ေဆးဝါးမ်ားဖမ္​းဆီးရမိခဲ့​ေၾကာင္​း ဟိုပင္​နယ္​​ေျမရဲစခန္​းမွသိရသည္​။

ဟိုပင္​နယ္​​ေျမရဲစခန္​းမွဴးရဲအုပ္​ဗ်က္​ဆန္​းဦး​ေဆာင္​ၾကပ္​မတ္​မႈျဖင္​့နယ္​ထိန္​း​ေခါင္​း​ေဆာင္​ဒုရဲအုပ္​ဆု​ေဝဦးစီး​ေသာရဲတပ္​ဖြဲ႕ဝင္​တို႔သည္​့ သက္​​ေသတကြင္​းအုပ္​ခ်ဳပ္​​ေရးမွဴးဦးစိုင္​း​ေလာမန္​၊ ဟိုပင္​ၿမိဳ႕၊ ရပ္​မိရပ္​ဖဦးလွမင္​းတို႔ႏွင္​့အတူမတ္​(၁၆)ရက္​၊ ည​ေန(၄)နာရီခြဲအခ်ိန္​ခန္​႔တြင္​မူးယစ္​​ေဆးဝါးသတင္​းအရ သဲဂုဏ္​​ေက်း႐ြာလမ္​းဆံုတြင္​​ေစာင္​့ဆိုင္​​ေနစဥ္​မိုးညႇင္​း-ဟိုပင္​ ​ေက်း႐ြာခ်င္​းဆက္​လမ္​းအတိုင္​း နန္​းမားဘက္​မွဟိုပင္​ဘက္​သို႔ ထြန္​း​ေအာင္​​ေမာင္​းႏွင္​လာ​ေသာ SHANYA-125နက္​နီၾကားဆိုင္​ကယ္​အားရပ္​တန္​႔စစ္​​ေဆးရွာ​ေဖြမႈျပဳလုပ္​ခဲ့​ေၾကာင္​း သိရသည္​။

ယင္​းသို႔စစ္​​ေဆးရွာ​ေဖြရာ ၎စီးနင္​းလာသည္​့ဆိုင္​ကယ္​ဂြၾကားတြင္​ညႇပ္​ထားသည္​့Viictor စာတမ္​းပါ အနီ​ေရာင္​အကြက္​အက်ႌျဖင္​့ထုတ္​ကာ အနက္​​ေရာင္​ႂကြပ္​ႂကြပ္​အိတ္​ျဖင္​့ထပ္​မံထုတ္​ထားသည္​့လLove is Flowerbစာတမ္​းပါ ​ေရာင္​စံုဆပ္​ျပာခြက္​အတြင္​းအၾကည္​​ေရာင္​ပလပ္​စတစ္​ျဖင္​့ထုပ္​လ်ွက္​ ဘိန္​းျဖဴဟုယူဆရ​ေသာျဖဴ/ဝါၾကား​ေရာင္​အမႈန္​႔အ​ေလးခ်ိန္​(၁၀)ဂရမ္​ခန္​႔စီပါ(၃)ခြက္​၊ စုစု​ေပါင္​းအ​ေလးခ်ိန္​(၃၀)ဂရမ္​ခန္​႔ ရွာ​ေဖြ​ေတြ႕ရွိသျဖင္​့ ဒုရဲအုပ္​ဆု​ေဝက သက္​​ေသမ်ား​ေရွ႕တြင္​ရွာ​ေဖြပံုစံ​ေရးသြင္​းခဲ့​ေၾကာင္​းရဲမွတ္​တမ္​းအရသိရသည္​။

မူးယစ္​​ေဆးဝါးလက္​ဝယ္​​ေတြ႕ရွိသူ ထြန္​း​ေအာင္​၊ အသက္​(၃၂)ႏွစ္​၊ (ဘ)ဦး​ေမာင္​​ေမာင္​ႏိုင္​၊ ၿမိဳ႕ဦးရပ္​ကြက္​၊ နမၼတီးၿမိဳ႕၊ မိုး​ေကာင္​းၿမိဳ႕နယ္​​ေနထိုင္​သူကို မယ(ပ)၁၇/၂၀၁၉၊ မူး/စိတ္​ပုဒ္​မ၁၉(က)ျဖင္​့ဟိုပင္​နယ္​​ေျမရဲစခန္​းကအမႈဖြင္​့​ေဆာင္​႐ြက္​ထား​ေၾကာင္​းသိရသည္​။

ခ်စ္​သား
—————————————–

ဆိုင်ကယ်စီးနင်းလာသူကိုရပ်တန့်ရှာဖွေရာ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

EPN
ဟိုပင်၊ မတ် ၁၆

ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ သဲဂုဏ်လမ်းဆုံတွင်ယနေ့၊ ညနေ(၄)နာရီခွဲအချိန်ခန့်က နန်းမားဘက်မှ ဟိုပင်ဘက်သို့ ဆိုင်ကယ်စီးနင်းလာသူကို ရပ်တန့်ရှာဖွေရာမူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း ဟိုပင်နယ်မြေရဲစခန်းမှသိရသည်။

ဟိုပင်နယ်မြေရဲစခန်းမှူးရဲအုပ်ဗျက်ဆန်းဦးဆောင်ကြပ်မတ်မှုဖြင့်နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ဆုဝေဦးစီးသောရဲတပ်ဖွဲ့ဝင်တို့သည့် သက်သေတကွင်းအုပ်ချုပ်ရေးမှူးဦးစိုင်းလောမန်၊ ဟိုပင်မြို့၊ ရပ်မိရပ်ဖဦးလှမင်းတို့နှင့်အတူမတ်(၁၆)ရက်၊ ညနေ(၄)နာရီခွဲအချိန်ခန့်တွင်မူးယစ်ဆေးဝါးသတင်းအရ သဲဂုဏ်ကျေးရွာလမ်းဆုံတွင်စောင့်ဆိုင်နေစဉ်မိုးညှင်း-ဟိုပင် ကျေးရွာချင်းဆက်လမ်းအတိုင်း နန်းမားဘက်မှဟိုပင်ဘက်သို့ ထွန်းအောင်မောင်းနှင်လာသော SHANYA-125နက်နီကြားဆိုင်ကယ်အားရပ်တန့်စစ်ဆေးရှာဖွေမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းသို့စစ်ဆေးရှာဖွေရာ ၎င်းစီးနင်းလာသည့်ဆိုင်ကယ်ဂွကြားတွင်ညှပ်ထားသည့်Viictor စာတမ်းပါ အနီရောင်အကွက်အင်္ကျီဖြင့်ထုတ်ကာ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့်ထပ်မံထုတ်ထားသည့်လLove is Flowerbစာတမ်းပါ ရောင်စုံဆပ်ပြာခွက်အတွင်းအကြည်ရောင်ပလပ်စတစ်ဖြင့်ထုပ်လျှက် ဘိန်းဖြူဟုယူဆရသောဖြူ/ဝါကြားရောင်အမှုန့်အလေးချိန်(၁၀)ဂရမ်ခန့်စီပါ(၃)ခွက်၊ စုစုပေါင်းအလေးချိန်(၃၀)ဂရမ်ခန့် ရှာဖွေတွေ့ရှိသဖြင့် ဒုရဲအုပ်ဆုဝေက သက်သေများရှေ့တွင်ရှာဖွေပုံစံရေးသွင်းခဲ့ကြောင်းရဲမှတ်တမ်းအရသိရသည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ ထွန်းအောင်၊ အသက်(၃၂)နှစ်၊ (ဘ)ဦးမောင်မောင်နိုင်၊ မြို့ဦးရပ်ကွက်၊ နမ္မတီးမြို့၊ မိုးကောင်းမြို့နယ်နေထိုင်သူကို မယ(ပ)၁၇/၂၀၁၉၊ မူး/စိတ်ပုဒ်မ၁၉(က)ဖြင့်ဟိုပင်နယ်မြေရဲစခန်းကအမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။

ချစ်သား


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။