Trending Now

လဝါးကျေးရွာအနီး တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် အနီးရှိ ဒေသခံတစ်ဦး ကျည်ဆံထိမှန်ကာ သေဆုံး

Spread the love

လဝါးကျေးရွာအနီး တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် အနီးရှိ ဒေသခံတစ်ဦး ကျည်ဆံထိမှန်ကာ သေဆုံး

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအနီး၊ လဝါးလမ်း အင်ဘရော့် လမ်းဆုံတွင် ဇူလိုင်လ (၁၂) ရက်နေ့၊ နံနက် (၁၀) နာရီခန့်က တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ကာ ယင်းတိုက်ပွဲကြောင့် အနီးအနားရှိ ဒေသခံ အမျိုးသားတစ်ဦး ကျည်ဆံထိမှန်ကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့က တပ်မတော်ဘက်မှ လုံခြုံရေးဆောင်ရွက်နေစဉ် KIA/PDF ပူးပေါင်းအဖွဲ့တို့မှ စောင့်ဆိုင်းကာ ပစ်ခတ်ခဲ့ပြီး ယင်းတိုက်ပွဲအနီး ဖြတ်သန်းသွားလာခဲ့သည့် ဒေသခံအမျိုးသားမှာ ညာဘက်လက်ပြန်အောက်ဘက် ကျည်ထိမှန်ကာသေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” အဲ့ဒီဦးလေးက တောကိုသွားရင်း အပြန်မှာ တိုက်ပွဲအနီးကိုရောက်သွားတာ။ ရှောင်ထွက်ဖို့ အလုပ်မှာပဲ ကျည်က လက်ပြန်မှာ မှန်သွားတာ။ အဲ့နေရာမှာပဲသေသွားခဲ့ရတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ သေဆုံးသူမှာ ကာမိုင်းမြို့၊ဇီးကျွန်းရပ်ကွက်နေ အသက် (၅၀)ကျော်အရွယ်ရှိ ဦးကျော်ဆွေဦးဆိုသူဖြစ်ကြောင်း သိရသည်။

” အဲ့နေ့မနက်က ဗုံး (၇) လုံးဆင့် အရင်ပေါက်တယ်။ အဲ့ဒီနောက် အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်တာပဲ။ ကြာချိန်ကတော့ (၁) နာရီလောက်ရှိမယ်။ စစ်တပ်ဘက်ကတော့ အကျအရှုံးမရှိဘူးလို့ သတင်းရတယ်။ တစ်ဖက်ကတော့ ဘာသတင်းမှ မရဘူး ” ဟု အနီးရှိ သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။

အလားတူ အဆိုပါနေ့ ဇူလိုင်လ (၁၂) ရက်နေ့၊ နေလည်ပိုင်းခန့်ကလည်း မြစ်ကြီးနား – ဗန်းမော် – ဒဘတ်ယန်ကျေးရွာကြားတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပန်ပန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။