Trending Now

နျူကလီးယားလက်နက်တွေသုံးရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားလိမ့်မယ်လို့ တောင်ကိုရီးယားသမ္မတ သတိပေး

Spread the love

နျူကလီးယားလက်နက်တွေသုံးရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားလိမ့်မယ်လို့ တောင်ကိုရီးယားသမ္မတ သတိပေး

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၇

တောင်ကိုရီးယားသမ္မတ ယွန်း က မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တွေကို သုံးလို့ကတော့ တောင်ကိုရီးယား-အမေရိကန်ပြည်ထောင်စု မဟာမိတ်ဆီက ပြင်းထန်လှတဲ့တုံ့ပြန်မှုနဲ့ မြောက်ကိုရီးယားအစိုးရ ပြုတ်ကျသွားမှာဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

အောက်တိုဘာ ၁ ရက်မှာ ကျရောက်မယ့် ၇၅ နှစ်မြောက် တောင်ကိုရီးယားစစ်တပ်နေ့ အထိမ်းအမှတ်အဖြစ် ဆိုးလ်မြို့ အနီး စစ်စခန်းတစ်ခုမှာ အင်္ဂါနေ့က ကျင်းပတဲ့အခမ်းအနားမှာ သမ္မတ ယွန်းက အဲဒီလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်စွမ်းရည် တွေကို အဆင့်မြှင့်လုပ်ဆောင်နေတယ်၊ နျူကလီးယားလက်နက် တွေကို သုံးမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ သူက ပြောဆိုခဲ့ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ခြိမ်းခြောက်မှုတွေဟာ တောင်ကိုရီးယားပြည်သူတွေအပေါ် ခြိမ်းခြောက်မှုတွေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအပေါ် ဆိုးရွားတဲ့စိန်ခေါ်မှုတွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဩဂုတ်လအတွင်း ဝါရှင်တန် မြို့ပြင်မှာရှိတဲ့ Camp David မှာ ဂျပန်၊ အမေရိကန်ပြည်ထောင်စုတို့နဲ့ ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲကိစ္စကိုလည်း သူက ရည်ညွှန်းပြောဆိုခဲ့ ပါတယ်။ ဒီနိုင်ငံတွေရဲ့ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းမူဘောင်ဟာ ကြားဖြတ်တိုက်ခိုက်မှုတွေကို ပိုပြီး အားကောင်းလာစေမှာဖြစ်တယ်ဆိုတာကို သမ္မတ ယွန်းက အလေးပေးပြောဆိုသွားခဲ့ပါတယ်။

အဲဒီနောက် တောင်ကိုရီးယားဟာ သူ့ရဲ့ အင်အားကို ထုတ်ပြတဲ့ အနေနဲ့ တင့်ကားတွေ၊ ကိုယ်တိုင်မောင်းနှင်စွမ်းရှိအမြောက်၊ မြေပြင်ကနေဝေဟင်ပစ် တာဝေးပစ်ဒုံးကျည်တွေကို အင်္ဂါနေ့မှာ ပြသခဲ့ပါတယ်။

Source; NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။