Trending Now

မိုးညှင်းမြိ့ုနယ် နမ္မချီကျောက်မျက်လုပ်ငန်းရှင်များမှ နေရပ်ပြန် အခက်အခဲရှိသော အခြေခံလူတန်းစား များအား ဆန်အိတ် (၁၅၀) ပေးအပ်လှူဒါန်း

Spread the love

မိုးညှင်းမြိ့ုနယ် နမ္မချီကျောက်မျက်လုပ်ငန်းရှင်များမှ နေရပ်ပြန် အခက်အခဲရှိသော အခြေခံလူတန်းစား များအား ဆန်အိတ် (၁၅၀) ပေးအပ်လှူဒါန်း

EPN
မိုးညှင်း၊ မေ ၁၄

ကချင်ပြည်နယ် မိုးညှင်းမြိ့ုနယ် မော်ဟန်ဒေသ နမ္မချီကျောက်စိမ်းမှော် ဒေသမှ အခြေခံလူတန်းစားများအား စားဝတ်နေရေး အဆင်ပြေစေရန် အတွက် မေလ (၁၄) ရက် နံနက် (၉) နာရီခွဲအချိန်က နမ္မချီကျောက်မျက် လုပ်ငန်းရှင်များအသင်းက စုပေါင်း၍ ဆန်အိတ်(၁၅၀)ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

“ကိုဗစ်-၁၉ ကြောင့် ကိုယ့်နေရပ်ဒေသကိုပြန်ဖို့ အခက်အခဲတွေရှိ‌နေကြ တဲ့သူတွေအတွက် နမ္မချီ‌မှော်‌ဒေသက လက်လုပ်လက်စား အခြေခံ လူတန်းစား ပြည်သူတွေ၊ ရေမဆေး‌ကျောက် ရှာဖွေသူတွေကို စားဝတ် နေရေးအခက်အခဲ ကူညီပေးနိုင်ဖို့ ဆန်အိတ်အလုံးရေ (၁၅၀)ကို အခုလို လှူဒါန်းခဲ့တာပါ ” ဟု နမ္ခချီကျောက်မျက်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးယိမ်းဘော့မ်က ပြောသည်။

အဆိုပါထောက်ပံ့လှူဒါန်းရာသို့ မိုးညှင်းကျောက်စိမ်းရုံးတာဝန်ခံ ဦးထိန်လင်း‌ကျော်၊ နမ္မချီ ကျောက်မျက်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးယိမ်းဘော့မ်နှင့် အသင်းလုပ်ငန်းကိုယ်စားလှယ် ဦးအားပေါက်တို့က ပေးအပ်ခဲ့ကြရာ နမ္မချီဒေသမှ လက်လုပ်လက်စား အခြေခံ လူတန်းစား ပြည်သူများနှင့် ရေမဆေးရှာဖွေသူများကိုယ်စား နမ္မချီမှော် လူမှုကူညီ ရေးအသင်းဥက္ကဌ ဦးစိုးဝင်း နှင့် ဒုဥက္ကဌ ဦးဝင်း‌မောင်တို့က လက်ခံရယူ ခဲ့ကြသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။