Trending Now

ကမ္ဘောဒီးယားက ဖေ့ဘုတ်ကိုယ်စာလှယ်တွေကို နိုင်ငံအတွင်းက နှင်ထုတ်ပြီး ပူးပေါင်းဆောင်ရွက်မှုအားလုံးရပ်ဆိုင်း

Spread the love

ကမ္ဘောဒီးယားက ဖေ့ဘုတ်ကိုယ်စာလှယ်တွေကို နိုင်ငံအတွင်းက နှင်ထုတ်ပြီး ပူးပေါင်းဆောင်ရွက်မှုအားလုံးရပ်ဆိုင်း

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁

ကမ္ဘောဒီးယားနိုင်ငံက ဖေ့စ်ဘုတ် ကိုယ်စာလှယ်တွေအားလုံးကို နိုင်ငံအတွင်းက နှင်ထုတ်ပြီး အစိုးရဆက်ဆံရေးနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ဇွန်လ ၃၀ ရက်ကနေ စတင်ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရှိ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ဖေ့ဘုတ်ဟာ အကောင့်တုဖန်တီးမှု၊ လျှို့ဝှက်ဒေတာ စုဆောင်းမှုတွေနဲ့ သတင်းအချက်အလက် မှားယွင်းမှုအန္တရာယ်တွေ ရှိနေကြာင်း ကမ္ဘောဒီးယား ပြည်သူတွေကို သတိပေးခဲ့ပါတယ်။

“ဖေ့စ်ဘုတ်ဟာ သတင်းမှား၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု ကင်းမဲ့မှု၊ နိုင်ငံ့နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်မှုတွေ ရှိနေပါတယ်” လို့ နိုင်ငံပိုင်သတင်းဌာနရဲ့ ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ဝန်ကြီးဌာနက ဖေ့စ်ဘုတ် ကိုယ်စားလှယ်တွေကို ကမ္ဘောဒီးယားနိုင်ငံကနေ နှင်ထုတ်ပြီး ကုမ္ပဏီကိုယ်စားပြုမှု၊ အစိုးရဆက်ဆံရေးနဲ့ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုစတဲ့ လုပ်ငန်းအားလုံးကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။” လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်က ကမ္ဘောဒီးယား နိုင်ငံသားတွေရဲ့ တောင်းဆိုမှုကြောင့် ဖေ့ဘုတ်ကိုတော့ နိုင်ငံအတွင်းမှာ ပိတ်ပစ်ခြင်းမပြုလုပ်ကြောင်း ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ref; FN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။