Trending Now

မြင်းခြံမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးရွှေသာလျောင်း ဘုရားအဆောက်အဦးပြိုကျခဲ့

Spread the love

မြင်းခြံမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးရွှေသာလျောင်း ဘုရားအဆောက်အဦးပြိုကျခဲ့

EPN
မြင်းခြံ၊ စက်တင်ဘာ ၈ (၂၀၂၃)

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင်မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် စက်တင်ဘာ ၇ ရက် နေ့လယ်ပိုင်းက ရွှေသာ လျောင်းဘုရားကြီး အဆောက်အဦ ပြိုကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စက်တင်ဘာ ၇ ရက် ယမန်နေ့ နေ့လယ် ၁ နာရီခွဲခန့်က မြင်းခြံမြို့တွင် အဆက်မပြတ်ရွာသွန်းသည့် မိုးဒဏ်ကြောင့် အမှတ် (၁၀)ရပ်ကွက်၊သဲပြင်ကျောင်းတိုက်အတွင်း တည် ထား ပူဇော်ထားသည့်ရှေးဟောင်းရွှေသာလျောင်းဘုရား၏ အဆောက်အဦ ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

”မနေ့က မိုးတွေရွာ နေတဲ့အချိန် ရုတ်တရက်ပြိုကျတာ လူတွေ ထိခိုက်တာ မရှိပါဘူး။ ရွှေသာလျောင်းဘုရားအနီး က အဆောက်အဦ တစ်ခုပါ။ ရှေးဟောင်းဘုရားဆိုတော့ မိုးဒဏ် လေဒဏ် မခံနိုင်တဲ့သဘောရှိတာပေါ့။” ဟု ဘုရား အနီး နေထိုင်သည့် ဒေသခံတစ်ဦးက ဆို သည်။

ပြိုကျပျက်စီးသွားခဲ့သည့် အဆောက်အဦးအား တာဝန်ရှိ သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင် များနှင့် ဂေါပကအဖွဲ့ဝင်များမှလာရောက်ဖယ်ရှား ရှင်းလင်း ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်ကလည်း မိုးသည်းထန် စွာရွာသွန်းမှုကြောင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှပုံဂံ ရှေ့ဟောင်းယာဉ်ကျေးမှုဒေသရှိ အာနန္ဒာ၊ ရွှေစည်းခုံအပါ အဝင် ပုဂံဘုရား အများအပြား ပရဝုဏ်များအထိ ရေကြီးရေ လျှံဖြစ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။