Trending Now

၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို အကြမ်းဖက်သမားတွေက ဒရုန်းဖြင့်တိုက်ခိုက်

Spread the love

၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို အကြမ်းဖက်သမားတွေက ဒရုန်းဖြင့်တိုက်ခိုက်
EPN
ဟားခါး၊ ဖေဖော်ဝါရီ ၂၁
ချင်းပြည်နယ် ၊ ဟားခါးမြို့တွင် ဖေဖော်ဝါရီ ၂၀ ရက်၊ မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို အကြမ်းဖက်သမားတွေက လက်လုပ်မိုင်း တပ်ဆင်ချိတ်ဆွဲထားတဲ့ ဒရုန်းယာဥ်ဖြင့်တိုက်ခိုက်ခဲ့ရာ အဲ့ဒီ ဒရုန်းယာဥ်ကို လုံခြုံရေးအဖွဲ့က အချိန်မီ ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ထံက သိရပါတယ်။
” အမြင့် မီတာငါးရာလောက်ကနေ အခမ်းအနားကျင်းပတဲ့ဘက် ပျံလာတာပါ၊ လုံခြုံရေးအဖွဲ့က အချိန်မီ ပစ်ချ ဖျက်ဆီးနိုင်ပါတယ်” လို့ ချင်းတိုင်းရင်းသား ရိုးရာယဥ်ကျေးမှု ကော်မတီဝင် တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် လုံခြုံရေးအဖွဲ့က အချိန်မီ ပစ်ချဖျက်ဆီးလိုက်တဲ့ အကြမ်းသမားတွေရဲ့ ဒရုန်းယာဥ်မှာ ဖျက်အားပြင်း လက်လုပ်မိုင်းတစ်လုံး ချိတ်ဆွဲထားတယ်လို့ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။