Trending Now

FBI ရုံးခန်းကို လက်နက်ကိုင် ဝင်ရောက်ရန်ကြိုးစားခဲ့သည့် ရေတပ်စစ်မှုထမ်းဟောင်း ပစ်သတ်ခံရ

Spread the love

FBI ရုံးခန်းကို လက်နက်ကိုင် ဝင်ရောက်ရန်ကြိုးစားခဲ့သည့် ရေတပ်စစ်မှုထမ်းဟောင်း ပစ်သတ်ခံရ

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၃

လက်နက်ကိုင်အမျိုးသားတစ်ဦးသည် အိုဟိုင်းယိုးပြည်နယ်အတွင်းရှိ အက်ဖ်ဘီအိုင်ရုံးခန်းအတွင်းသို့ ဝင်ရောက်ရန်ကြိုးစားခဲ့ပြီး ရဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် သေနတ်ထိမှတ်သေဆုံးခဲ့သည်။

အဆိုပါအများသားသည် အသက် ၄၂ နှစ်အရွယ် ရစ်ကီ ရှစ်ဖာ ဆိုသူဖြစ်ပြီး သူ၏ အစွန်းရောက်အပြုအမှုများကြောင့် အနားပေးထားသည့် ရေတပ်မှ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ကြောင်း အဏာပိုင်များက ပြောကြားခဲ့သည်။ ရုံးခန်းအား ဖောက်ထွင်းရသည့်အကြောင်းရင်းအား စုံးစမ်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရစ်ကီ ရှစ်ဖာသည် ယမန်နေ့ နံနက် ၉ နာရီ ၁၅ မီနစ်ဝန်ကျင်က အက်ဖ်ဘီအိုင်၏ ရုံးခန်းအား ဖောက်ဖျက်ရန်ကြိုပမ်းခဲ့ပြီးနောက် ရဲများနှင့် နာရီပေါင်းများစွာ ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း အဏာပိုင်များက ပြောကြားခဲ့သည်။

ရစ်ကီ သည် AR-15 ရိုင်ဖယ်သေနတ်တစ်လက်နှင့် သံမှိုသေနတ်တစ်လက် ကိုင်ဆောင်ထားသည်ဟု ယူဆရပြီး ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကြောင်း အိုဟိုင်းယိုးပြည်နယ် အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

၎င်းသည် အက်ဖ်ဘီအိုင်ရုံးခန်းကို ဝင်ရောက်ရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ပဲ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့များက လိုက်လံရှာဖွေရာ အဝေးပြေးလမ်းမ တစ်နေရာတွင် ရဲများနှင့် ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ရာမှ နာရီအတော်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

အက်ဖ်ဘီအိုင်သည် သမ္မတဟောင်း ဒေါ်နယ်ထရမ့် ၏ ဖလော်ရီဒါပြည်နယ် နေအိမ်သို့ ရှာဖွေရေး ဝရမ်း ထုတ်ပြီးနောက် အွန်လိုင်းတွင် ပြင်းထန်သော စကားလုံးများ ထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါအဖြစ်အပျက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Source – CNN – WSJ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။