Trending Now

ကချင်ပြည်နယ် ဖားကန့်နှင့် လုံးခင်းရတနာနယ်မြေအပါအဝင် ကျောက်စိမ်းရိုင်းတူးဖော်ခြင်းအား ခွင့်မပြုတော့ကြောင်း အသိပေးထုတ်ပြန်

Spread the love

ကချင်ပြည်နယ် ဖားကန့်နှင့် လုံးခင်းရတနာနယ်မြေအပါအဝင် ကျောက်စိမ်းရိုင်းတူးဖော်ခြင်းအား ခွင့်မပြုတော့ကြောင်း အသိပေးထုတ်ပြန်

 

EPN
မြစ်ကြီးနား၊ ဧပြီ ၁

ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်းရတနာနယ်မြေနှင့် မော်လူး၊ မော်ဟန်ရတာနယ်မြေတို့ရှိ ကျောက်စိမ်းရိုင်းတူးဖော်ခြင်းလုပ်ငန်းများကို ခွင့်မပြုတော့ကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက အသိပေးထုတ်ပြန်လိုက်သည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းဌာနမှ ကျောက်စိမ်းရိုင်း တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆက်လက်တူးဖော် ထုတ်လုပ်ခွင့်ပိတ်ပင်လိုက်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြအသိပေးထားခြင်းဖြစ်သည်။

နိုင်ငံပိုင်ကျောက်မျက်ရတနာများကို သားစဉ်မြေးဆက် ရေရှည်သုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ယခုကဲ့သို့ ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်ခြင်းများကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။