Trending Now

ငြိမ်းချမ်းရေးရရှိရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အဖွဲ့အစည်းများ အားလုံးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မည်ဟု RCSS ထုတ်ပြန်

Spread the love

ငြိမ်းချမ်းရေးရရှိရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အဖွဲ့အစည်းများ အားလုံးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်မည်ဟု RCSS ထုတ်ပြန်

EPN
နေပြည်တော်၊ ဩဂုတ် ၁

ငြိမ်းချမ်းရေးရရှိရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အဖွဲ့အစည်းများအား လုံးနှင့် လက်တွဲပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ ထုတ်ပြန်ထားသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဗဟိုဌာနချုပ်လွယ်တိုင်းလျဲန်းတွင် ပြုလုပ်ကျင်းပသော ၆ လပတ်အစည်းအဝေး၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။

လက်ရှိ နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်းကို အဓိကစွဲကိုင်ထားပြီး၊ ငြိမ်းချမ်းရေးရရှိ ရန်နှင့် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် နည်းလမ်းရှာ ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံရဲ့ မတည်မငြိမ်ခြင်း၊ တရားဥပဒေစိုးမိုးရေးအားနည်းခြင်းတို့ကြောင့် ကျေးလက်ဒေသနှင့် မြို့ရွာများတွင် ခိုးဆိုးလုယက်မှုများ ဓားပြတိုက်မှုများ များပြားလာခြင်းအား မိမိတို့တပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့က စုပေါင်း တာဝန်ယူ၍ မိမိတို့ရပ်ရွာနှင့် မြို့များအား ကာကွယ်စောင့်ရှောက်သွားကြရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။