Trending Now

မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၈ ကျောင်း လုံခြုံရေးအရ မဖွင့်လှစ်နိုင်သေး

Spread the love

မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၈ ကျောင်း လုံခြုံရေးအရ မဖွင့်လှစ်နိုင်သေး

 

EPN

မြစ်ကြီးနား မေလ ၂၆

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အတွင်းရှိအခြေခံပညာသင်ကျောင်း ၈ ကျောင်းမှာ လုံခြုံရေအခြေအနေကြောင့် ဖွင့်လှစ်နိုင်မည်မဟုတ်ကြောင်း မြစ်ကြီးနားမြို့နယ် အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

နယ်မြေ မငြိမ်သက်မှုများနှင့် လုံခြုံရေးစိတ်ချရခြင်းမရှိသည့်အတွက် ကျောင်းသားမိဘများအနေနဲ့ ကျောင်းသူကျောင်းသားများကို လာရောက်အပ်နှံခြင်းမရှိသည့်အတွက်ကြောင့် ကျောင်းများကို ဖွင့်လှစ်နိုင်မည်မဟုတ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” မဖွင့်နိုင်တဲ့ ကျောင်းက ၈ ကျောင်းရှိတယ် ၊ အဲ့ဒီဘက်တွေက နယ်မြေလုံခြုံမှု မရှိသည့်အတွက်၊ ကျောင်းသားမိဘတွေက ကလေးတွေကိုလာမအပ်ကြဘူး၊ လာအပ်ကြရင်တော့ သင်ကြားဖို့ ဆရာ၊ ဆရာမ တွေကို စေလွတ်မှာဖြစ်တယ် ဒါပေမဲ့ ကျောင်းသားမိဘတွေက ပါဝင်မှုမရှိတာကြောင့် မြို့နယ် အတွင်းက စာသင်ကျောင်း ၈ ခုမှာ ယုခုမှာ ဖွင့်လှစ်နိုင်ခြင်းမရှိဘူး၊ ” ဟု ၎င်းကပြောသည်။

အဆိုပါ ကျောင်းများမှာ ယခင် ၂၀၂၁ – ၂၀၂၂ ခုနှစ်က ဖွင့်လှစ်ခြင်းမရှိခဲ့သည့် ဆင်ဘို၊ တာလောကြီး ဘက်များမှ အခြေခံပညာကျောင်းများဖြစ်ကြောင်းသိရသည်။

ကျောင်းသားများကို ပညာသင်ကြားစေချင်သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် မိမိတို့အနေဖြင့် ကျောင်းလာရောက်အပ်နှံခြင်းမပြုကြောင်း တာလောကြီးကျေးရွာလေ ဒေသခံတစ်ဦးကပြောသည်။

” သူတို့လေးတွေက စာမသင်ရတာကြာတော့ စာပေဘက်မှာ အားနည်းသွားမှာကိုတော့ကြောက်တယ် ၊ကလေးတွေကိုလဲ ပညာသင်စေချင်တယ် ၊ ဒါပေမဲ့ နိုင်ငံရေးအခြေနေအရ ကျောင်းတွေမှာခဲ ခဏခဏဗုံးပေါက်တာတွေရှိတော့ စိုးရိမ်တယ် ဒါကြောင့်လဲ ကျောင်းအပ်နှံခြင်းမပြုတာ ဟုတ်တယ်၊” ဟု၎င်းကပြောသည်။

ကိုဗစ်ရောဂါ ပျံပွားမှုအခြေအနေများကြောင့် စာသင်ကျောင်းမှာကို ၂ နှစ်ခန့် ရပ်နားခဲ့ပြီး ၂၀၂၁ ၂၀၂၂ ခုနှစ်မှာ အခြေ ခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကာ လုံခြုံရေးအခြေအနေအရ မဖွင့်လှစ်နိုင်သည့်ကျောင်း ၁၀ ကျောင်းရှိခဲ့ပြီး ယခု ၂၀၂၂ ၂၀၂၃ ခုနှစ်မှာ ၈ ကျောင်းခန့် မဖွင့်လှစ်နိုင်ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။