Trending Now

ARSA အကြမ်းဖက်အဖွဲခေါင်းဆောင် အာတာအူလ္လာ အပါအဝင် ၆၆ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက လူသတ်မှုနဲ့ တရာစွဲ

Spread the love

ARSA အကြမ်းဖက်အဖွဲခေါင်းဆောင် အာတာအူလ္လာ အပါအဝင် ၆၆ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက လူသတ်မှုနဲ့ တရာစွဲ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၂၈

ARSA အကြမ်းဖက်အဖွဲခေါင်းဆောင် အာတာအူလ္လာ အပါအဝင် ၆၆ ဦးကို ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးက အခုရက်ပိုင်းအတွင်း လူသတ်မှုနဲ့ စွဲချက်တင်လိုက်တယ်လို့ အေဖက်ဖ်ပီ သတင်းဌာနက ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့မှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင်(၃၄)နဲ့ (၃၅) အနီးက ဒုက္ခသည်စခန်းတခုကို ဝင်ရောက်စီးနင်းရှာဖွေနေစဉ် အကြီးတန်းထောက်လှမ်းရေးအရာရှိ ရီဇ်ဝမ် ရှရ်ဒီ ကို ARSA အဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ အကြမ်းဖက်အဖွဲခေါင်းဆောင် အာတာအူလ္လာ ရှိနေခဲ့ပြီး သူဟာ လူသတ်မှုတအတွက် အဓိက တရာခံဖြစ်တယ်လို့ ရဲထောက်လှမ်းရေးမှုး မိုဟာမက် ရှဂျဟန် က အေဖက်ပီ သတင်းဌာနကို ပြောပါတယ်။

ARSA အဖွဲ့ဟာ နိုင်ငံရေး ပြိုင်ဘက်တွေကို လုပ်ကြံသတ်ဖြတ်မှု၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချမှု နဲ့ ဒုက္ခသည် စခန်းတွေမှာ အကြောက်တရားဖြစ်ပေါ်လာအောင် လှုံ့ဆော်နေတယ်လို့လည်း အရင်က စွပ်စွဲခံထားရပါတယ်။

လက်ရှိအချိန်မှာ ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းမှုတွေ ပြုလုပ်နေပေမယ့် အကြမ်းဖက်ခေါင်းဆောင်အပါအဝင် တရာခံတွေကိုတော့ ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

— ကိုးကား —
AFP
Ref; Bangladesh charges Rohingya insurgent chief with murder

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။