Trending Now

အိန္ဒိယနဲ့ ပါကစ္စတန်မှာ ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း မကျရောက်မီ ကြိုတင်ပြင်ဆင်

Spread the love

အိန္ဒိယနဲ့ ပါကစ္စတန်မှာ ပြင်းထန်တဲ့ ဆိုင်ကလုန်းမုန်တိုင်း မကျရောက်မီ ကြိုတင်ပြင်ဆင်

EPN
နိုင်ငံတကာ၊ ဇွန် ၁၃

အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာ ယခုနှစ်အတွက် အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်းတိုင်းတစ်ခု ဇွန်လ ၁၅ ရက်နေ့ မှာဝင်ရောက်တိုက်ခတ်ဖွယ်ရှိနေတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဆိုင်ကလုန်း Biparjoy ဟာ အာရေဗျပင်လယ်ကနေ ပါကစ္စတန်တောင်ပိုင်း ဆင်ဒ် ပြည်နယ်နဲ့ အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ် ပြည်နယ် ကမ်းရိုးတန်းကို ဦးတည်နေပါတယ်။

အာဏာပိုင်တွေက ငါးဖမ်းလုပ်ငန်းတွေကို ရပ်ဆိုင်းကာ ကယ်ဆယ်ရေးဝန်ထမ်းတွေကို ဖြန့်ကျက်ချထားခဲ့ကြပြီး အန္တရာယ်ရှိသူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ စီစဉ်နေကြပါတယ်။

မုန်တိုင်းဟာ ကြာသပတေးနေ့မှာ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မယ်လို့ ခန့်မှန်းရပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) အထိရှိနိုင်ကြောင်း ပါကစ္စတန် မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းလမ်းကြောင်းပေါ်ရှိ လူနေထူထပ်တဲ့ ဒေသတွေနဲ့ မြို့ရွာတွေမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဝန်ထမ်းတွေကို အဆင်သင့်ဖြန့်ချက်ချထားတယ်လို့ ဆိုပါတယ်။

ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။