Trending Now

ပါကစ္စတန်မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ဆက်စပ်ပြီး တစ်လအတွင်း လူပေါင်း ၁၅၀ သေဆုံးခဲ့

Spread the love

ပါကစ္စတန်မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ဆက်စပ်ပြီး တစ်လအတွင်း လူပေါင်း ၁၅၀ သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၁၂

ပါကစ္စတန်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ဆက်စပ်တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပြီးခဲ့တဲ့ လအတွင်း လူပေါင်း ၁၅၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အစိုးရတာဝန်ရှိသူတွေက ဇူလှိုင်လ ၁၁ ရက်နေ့က ပြောကြားခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီး နဲ့ ကလေး ၉၁ ဦး အထိပါဝင်ပြီး အနည်းဆုံး လူပေါင်း ၁၆၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးမှုတွေကြောင့် နိုင်ငံတစ်ဝှမ်းရှိ နေအိမ် ၁၀၀၀ ကျော်ပျက်စီးခဲ့ရတဲ့ အပြင် လမ်းတံတားငါးစင်း နဲ့ ဓာတ်အားပေးစက်ရုံတွေလည်း ပျက်စီးခဲ့ ရတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံမှာ ယခုနှစ်အတွင်း ပျမ်းမျှမိုးရွာသွန်းမှုထက် နှစ်ဆနီးပါး မိုးသည်းထန်စွာ ရွာသွန်းခဲ့တယ်လို့ ဆိုပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုတွေဟာ ဇွန်လအလယ်ပိုင်းကနေ စတင်ခဲ့ပြီး လူ ၆၅ ဦး သေဆုံးခဲ့တဲ့ အနောက်တောင်ပိုင်း ဘာလူချီစတန်ပြည်နယ်မှာ စတင်ဖြစ်ပွားခဲ့တာပါ။

အာဏာပိုင်တွေက နိုင်ငံတစ်ဝှမ်းကို ရာနဲ့ချီတဲ့ မိုးကာတဲ့အိမ်တွေ၊ အစားအစာနဲ့ ဆေးဝါတွေအပါအဝင် အခြားလိုအပ်တဲ့ ပစ္စည်းတွေကို ပေးပို့နိုင်ဖို့ ကြိုးပမ်းနေကြရပါတယ်။

ရာသီဥတိုဖောက်ပြန်မှုတွေဟာ ပါကစ္စတန်ရဲ့ ပျမ်းမျှမိုးရွာသွန်းမှုကို ကျော်လွန်ပြီး ပိုမိုပြင်းထန်စွာရွာသွန်းခဲ့ရတဲ့ အကြောင်းရင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

Source – AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။