Trending Now

ဖိလစ်ပိုင်လေတပ် လေယာဉ် ပျက်ကျလို့ ၂ ဦး သေဆုံး

Spread the love

ဖိလစ်ပိုင်လေတပ် လေယာဉ် ပျက်ကျလို့ ၂ ဦး သေဆုံး

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၆

ဖိလစ်ပိုင်လေတပ် (PAF) လေယာဉ်တစ်စီးဟာ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက လေ့ကျင့်ပျံသန်းမှုတစ်ခုအတွင်း ဘာတန် ပြည်နယ်ရှိ စပါးကွင်းအတွင်း ပျက်ကျခဲ့ရာ လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

လေယာဉ်မှူးနှစ်ဦးပါရှိတဲ့ Marchetti SF260 လေယာဉ်ဟာ မနီလာမြို့အနောက်ဘက် ဘာတန်ပြည်နယ်မှာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၃ မိနစ်ခန့်က ပျက်ကြခဲ့တာလို့ ဖိလစ်ပိုင်လေတပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ကွန်ဆူလိုက ပြောပါတယ်။

မတော်တဆမှုအတွင်း လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်းကို သူမက အတည်ပြုဖို့ ငြင်းဆန်ခဲ့ပေမယ့် လေယာဉ်ပျက်ကျတဲ့နေရာကို သွားရောက်ခဲ့တဲ့ ခရိုင်ရဲတပ်ဖွဲ့က နှစ်ဦးစလုံးသေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

လေယာဉ်ဟာ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၅၉ မိနစ်ခန့်မှာ ခါဗီတီပြည်နယ်ရှိ စစ်အခြေစိုက် စခန်းကနေ ပျံတက်သွားခဲ့တာဖြစ်ပြီး မတော်တဆမှုမဖြစ်ပွားခင် မိနစ်သုံးဆယ်ခန့် အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ မွန်းလွဲပိုင်းကလည်း မနီလာမြောက်ပိုင်း အစ္စဘယ်လာ ပြည်နယ်မှာ လူခြောက်ဦးပါ ကိုယ်ပိုင်လေယာဉ်တစ်စင်း ပျံတက်ပြီး မိနစ်ပိုင်းအတွင်း ပျောက်ဆုံးသွားခဲ့ပါတယ်။

၂၄ နာရီကျော်ကြာ ပျောက်ဆုံးနေတဲ့ လေယာဉ်ကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့် ရာသီဥတုဆိုးရွားမှုက ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန်အတားဖြစ်စေတယ်လို့ ဖိလစ်ပိုင်မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အဲရစ် အာပိုလိုနီယိုက ပြောပါတယ်။

— ကိုးကား —
xinhua
ref; Philippine Air Force plane crashes in Philippines, 2 dead

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။