Trending Now
Spread the love
မြစ်ကြီးနား၌ ပြုလုပ်မည်ဒုတိယအကြိမ်​​​ကျောက်မျက်ရတနာပြပွဲ ခွင့်ပြုမိန့်ကျမလာသည့်အတွက်​​​​ ရက်​​ရွေ့ဆိုင်းထား
EPN
မြစ်ကြီးနား၊ မေ ၁ 
ကျောက်မျက်ရတနာပြပွဲကို မြစ်ကြီးနားမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိကျောက်မျက်ဝင်းအတွင်း၌ ယခင်ဧပြီ လ၂၉ရက်​​နေ့ မှ ယခုလ မေလ ၃ ရက်​​နေ့ အထိ ကျင်းပသွားရန်သတ်မှတ်ထားသောလည်း ခွင့်ပြုမိန့်ကျမလာသည့်အတွက် (မေလ ၁၄ရက်မှ ၁၈ရက်) သို့ပြောင်ရွေ့ထားကြောင်း မြစ်ကြီးနားကျောက်မျက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇေလွမ်းက ဆိုသည်။ 
အဆိုပါ ကျောက်မျက်ရတနာပြပွဲတွင်ပထမအကြိမ်ကကဲ့သို့ မြန်မာကျပ်​​ငွေဖြင့်သာ ရောင်းချသွားမည်ဖြစ်ပြီး မန္တလေး၊ ဖားကန့်စသည့် မည်သည်ဒေသထွက်မဆို စာရွက်စာတမ်းများဖြင့် တရားဝင်​​ကျောက်များကိုပြသရောင်းချမည်ဖြစ်ပြီး တရားမဝင်​​ကျောက်များကို အတတ်နိုင်ဆုံး​​လျော့ချသွားမည်ဖြစ်​​ကြောင်း သိရသည်။ 
ကျောက်မျက်ရတနာပြပွဲဖြစ်​​မြောက်နိုင်​​ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးဝန်ကြီး ဦးဒါရှီဆိုင်းက ဦးစီးကော်မတီဥက္ကဋ္ဌ အဖြစ်လည်ကောင်း၊ ကချင်ပြည်နယ်အတွင်းရှိကျောက်မျက်လုပ်ငန်းရှင်များမှ ဥက္ကဋ္ဌများနှင့် ဆပ်​​ကော်မတီ ၁၇ခုတို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားကြောင်းသိရသည်။ 
လွမ်အောင်
————————————————————-
မြစ်ကြီးနား၌ ပြုလုပ်​မည်​့ ​ဒုတိယအကြိမ်​​​ကျောက်​မျက်​ရတနာပြပွဲ ခွင့်ပြုမိန့်ကျမလာသည့်အတွက်​​​​ ရက်​​ရွေ့ဆိုင်​းထား
EPN
မြစ်​ကြီးနား၊ ​မေ ၁
ကချင်​ပြည်​နယ်​၊ မြစ်​ကြီးနားမြို့တွင်​ ပြုလုပ်​ကျင်​းပမည်​့ ဒုတိယအကြိမ်​​မြောက်​ ​ကျောက်​မျက်ရတနာ​ပြပွဲ ခွင်​့ပြုမိန့် ကျမလာသည့်အတွက် ပြန်​လည်​ရက်​​ရွေ့ဆိုင်​းထား​ကြောင်​း မြစ်​ကြီးနား​ ကျောက်​မျက်​လုပ်​ငန်​းရှင်​များအသင်​းမှ သိရသည်​။
ကျောက်​မျက်ရတနာပြပွဲက​ို မြစ်ကြီးနားမြို့၊ စက်​မှုဇုန်​ရပ်​ကွက်​ရှိ​ ကျောက်​မျက်​ဝင်​းအတွင်​း၌ ယခင်ဧပြီ လ၂၉ရက်​​နေ့ မှ ​ယခုလ မေလ ၃ ရက်​​နေ့ အထိ က​ျင်​းပသွားရန်​ သတ်​မှတ်​ထား​သောလည်​း ခွင်​့ပြုမိန်​့ကျမလာသည်​့အတွက်​ (​မေလ ၁၄ရက်​ မှ ၁၈ရက်) သို့​ ပြောင်​း​ရွေ့ထား​ကြောင်​း မြစ်​ကြီးနားကျောက်​မျက်​လုပ်​ငန်​းရှင်​များအသင်​းဥက္ကဋ္ဌ ဦး​ဇေလွမ်​းက ဆိုသည်​။
“ကျွန်​​တော်​တို့ ခွင်​့ပြုမိန်​့ကို ​ဖေ​ဖော်​ဝါရီလ ကတည်း​က တင်​ထားခဲ့တယ်​ ဒါ​ပေမယ်​့့့ ခွင်​့ပြုမိန်​့က ကျမလာခဲ့ဘူး။ ဒီ​နေ့မှဘဲ ကချင်​ပြည်​နယ်​အစိုးရအဖွဲ့ ဆီကခွင်​့ပြုမိန်​့က ကျွန်​​တော်​တို့လက်​ထဲမှာ​ရောက်​တယ်​”ဟု မြစ်​ကြီးနား​ကျောက်​မျက်​အသင်​းဥက္ကဋ္ဌ ဦး​ဇေလွမ်​းက​ပြောသည်​။
အဆိုပါ ကျောက်​မျက်​ရတနာပြပွဲတွင်​ ပထမအကြိမ်​ကကဲ့သို့ မြန်​မာ​ကျပ်​​ငွေဖြင်​့သာ ​ရောင်​းချသွားမည်​ဖြစ်​ပြီး မန္တ​လေး၊ ဖားကန်​့စသည်​့ မည်​သည်​့​ဒေသထွက်​မဆို စာရွက်​စာတမ်​းများဖြင်​့ တရားဝင်​​ကျောက်​များကိုပြသ​ရောင်​းချမည်​ဖြစ်​ပြီး တရားမဝင်​​ကျောက်​များကို အတတ်​နိုင်​ဆုံး​​လျော့ချသွားမည်​ဖြစ်​​ကြောင်​း သိရသည်​။
ကျောက်​မျက်ရ​တနာပြပွဲဖြစ်​​မြောက်​နိုင်​​ရေးအတွက်​ ကခ​ျင်​ပြည်​နယ်​အစိုးရအဖွဲ့မှ သယံဇာတနှင်​့ သဘာဝပတ်​ဝန်​းကျင်​ထိန်​းသိမ်​း​ရေးဝန်​ကြီး ဦးဒါရှီဆိုင်​းက ဦးစီး​ကော်​မတီဥက္ကဋ္ဌ အဖြစ်​လည်​း​ကောင်​း၊ ကချင်​ပြည်​နယ်​အတွင်​းရှိ​ ကျောက်​မျက်လုပ်​ငန်​းရှင်​များမှ ဥက္ကဋ္ဌများနှင်​့ ဆပ်​​ကော်​မတီ ၁ရခုတို့ဖြင်​့ ပူး​ပေါင်​းဖွဲ့စည်​းထား​ကြောင်းသိရသည်။
လွမ်​း​အောင်​
Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။