Trending Now

မြစ်ကြီးနားမြို့တွင် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးထံမှ ကာလပေါက်ဈေး သိန်း ၄၀ခန့် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့တွင် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးထံမှ ကာလပေါက်ဈေး သိန်း ၄၀ခန့် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ဇူလိုင်း ၂၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသည့် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးအား ကာလတန်းဖိုး သိန်း ၄၀ ခန့်ရှိ ဘိန်းဖြူများနှင့်အတူ ယမန်နေ့ ည ၇ နာရီခွဲခန့်က ဒူကထောင်ရပ်ကွက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒူကထောင်ရပ်ကွက် ၊ ဒူကထောင် နှစ်ခြင်းဘုရားကျောင်းနောက်ဘက်ရှိ ဂျော်လမ်းမပေါ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်နေမူသတင်းအရ စောင့်ဆိုင်းနေစဉ် မြို့သစ်ကြီးရပ်ကွက် ၊ ဂျာမိုင်းကောင်းနယ်မြေ တွင် နေထိုင်သူ အသက် ၁၈ နှစ်အရွယ် မောင်ဥက္ကာဦး မောင်းနှင်လာသည့် ဆိုင်ကယ်အား တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တားဆီးစစ်ဆေးရာတွင် လူငယ်၏ ဘေးလွယ်အိပ်ထဲမှ ရောင်စုံပလက်စတစ်အိပ်များဖြင့် ထုတ်လျှက် ဖြူ၊ဝါရောင် ဘိန်းဖြူမှုန့် အလေးချိန် ၁၀၀ ဂရမ်း ကာလ ပေါက်ဈေး ကျပ်သိန်း (၄၀) ခန့်အား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

“ပုံမှန်အားဖြင့် ဖမ်းဆီးလေ့မရှိတဲ့ နေရာဖြစ်တယ်၊ သတင်းပေးမှုအရ ဖမ်းဆီးနိုင်ခဲ့တယ်၊ ဆက်စပ် ပြီး မူးယစ်ဆေးဝါရောင်းဝယ် ၊ သုံးဆွဲနေသူတွေကို ဖမ်းဆီးနိုင်ရေးအတွက် ကြိုးပမ်းလျှက်ရှိပါတယ်၊ ” ဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မောင်ဥက္ကာဦး အား မြစ်ကြီးနားမြို့ မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။