Trending Now

မိုးညှင်းမြို့နယ် နန်းမားဒေသ၌ တရားမဝင်ရွှေတူးဖေါ်သူ ၂၄ ဦးကို ဖမ်းဆီး အရေးယူ

Spread the love

မိုးညှင်းမြို့နယ် နန်းမားဒေသ၌ တရားမဝင်ရွှေတူးဖေါ်သူ ၂၄ ဦးကို ဖမ်းဆီး အရေးယူ

 

EPN
မိုးညှင်း၊ မေ ၁၉

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားဒေသ ကန်ကုန်းကြီးကျေးရွာ အနောက်ဖက်(၃)မိုင်ခန့်အကွာရှိ တောထဲတွင် တရားမဝင်ရွှေတူးဖေါ်နေသူ(၂၄)ဦးကို နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် နယ် မြေခံရဲတပ်ဖွဲ့တို့ပူးပေါင်းဖမ်းဆီး၍ ဥပဒေနှင့် အညီအရေးယူထားခဲ့ကြောင်း သိရသည်။

မေလ(၁၆) ရက်နေ့နေ့လယ်(၁)နာရီအချိန် က နယ်မြေခံတပ်ရင်းဖြစ်သောအမှတ် (၃၆၇) မှ ဗိုလ်မှူးလှိုင်မြတ်ဋ္ဌေး၊ ဗိုလ်ကြီးမင်းသူခန့်
တပ်ကြပ်ကြီးအေးစန်း တပ်ကြပ်ကြီးမင်းမင်း တပ်ကြပ်သိန်းဝင်းစိုး ဒုတပ်ကြပ်ကိုကိုနိုင်တို့သည် နန်းမားနယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူးရဲအုပ်သက်နိုင်စိုး ဒုရဲအုပ်ဘိုဘိုဌေး၊ တပ်သား
အောင်ခိုင်စိုးတို့နှင့်ပူးပေါင်း၍ သက်သေများ ပါလျက် ကန်ကုန်းကြီးကျေးရွာအနောက်ဘက်(၃)မိုင်ခန့်အကွာရှိတောတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ကြရာမှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

တရားမဝင်ရွှေတူးဖေါ်နေကြသော ဦးထွန်းထွန်းဝင်း အပါအဝင်(၁၂)ဦးနှင့် ဦးဝင်းဘို အပါအဝင် (၄)ဦး၊ ဒေါ်စုအပါအဝင်(၈)ဦးတို့ကို ရွှေတူးဖေါ်ရာတွင် အသုံးပြုသည့် အင်ဂျင် (၄၀၁)စက်(၁)လုံး၊ ဆီပေပါအလုံး(၂၀) အင်္ဂျင် (၂၅)ကောင်(၁၂)လုံး၊ အင်္ဂျင် (၁၂)ကောင် (၁)လုံး ရေခရု(၇)လုံး၊ လည်ချောင်းပိုက်(၆)
လုံး၊ သံပိုက်(၁၁)လုံး၊ လေအိုး(၁)လုံး၊ ဂက်(စ်)အိုး(၁)လုံး၊ ရွှေမျောစင်(၁)ခု မျောခံကော်ဇော(၁)ခုတို့ကို တွေ့ရှိရသဖြင့် ဗိုလ်မှူးလှိုင်မြတ်ဋ္ဌေးမှတရားလိုပြုလုပ်အမှု
ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မေ ၁၇ရက်က အဆိုပါ တရားမဝင် ရွှေတူးဖေါ်သူ စုပေါင်း ၂၄ ဦးကို နန်းမားနယ်မြေ ရဲစခန်းတွင် (ပ)၈/၂၀၂၀၊ သတ္ထုတွင်းဥပဒေပုဒ်မ၃၀(က) ဖြင့်အမှုရေးဖွင့်၍ ဆောင်ရွက်နေကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။