Trending Now

အစိုးရသစ်ဖွဲ့စည်းရေးကြန့်ကြာနေမှုဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်လာစေနိုင်ကြောင်း ထိုင်းဗဟိုဘဏ်ပြော

Spread the love

အစိုးရသစ်ဖွဲ့စည်းရေးကြန့်ကြာနေမှုဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်လာစေနိုင်ကြောင်း ထိုင်းဗဟိုဘဏ်ပြော

EPN
နိုင်ငံတကာ၊ သြဂုတ် ၂

ထိုင်းနိုင်ငံမှာ အခုလကုန်တဲ့အထိ အစိုးရသစ်မဖွဲ့စည်းနိုင်သေးဘူးဆိုရင် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထိ ခိုက်စေနိုင်ပြီး ထိုင်းစီးပွားရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနိုင်ကြောင်း ထိုင်းဗဟိုဘဏ်က သြဂုတ်လ ၁ ရက်နေ့ (အင်္ဂါနေ့) က သတိပေးလိုက်ပါတယ်။

နိုင်ငံရေးတည်ငြိမ်မှုမရှိခြင်းဟာ နိုင်ငံရဲ့စီးပွားရေးအလားအလာအတွက် အဓိကအန္တရာယ်ရှိစေတဲ့အကြောင်းတ ရားသုံးခုအနက်က တစ်ခုဖြစ်ကြောင်း ထိုင်းဘဏ် (ဗဟိုဘဏ်) ရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူး ချာယာဝဒီချိုင် အနန့်က ပြောပါတယ်။

နိုင်ငံစီးပွားရေးအတွက် အန္တရာယ်ရှိစေတဲ့ တခြားအကြောင်းအရာနှစ်ခုကတော့ နိုင်ငံတကာစီးပွားရေးမတည် ငြိမ်မှုနဲ့ စားဝတ်နေရေးစရိတ်ကြီးမားမှုတို့ပဲဖြစ်ပါတယ်။

အစိုးရသစ်ဖွဲ့စည်းဖို့ ကာလကြာရှည်ဖင့်နှေးလေးတွဲ့နေတာဟာ နိုင်ငံ့စီးပွားရေးကို ဆိုးရွားစွာအကျိုးသက်ရောက် မှုရှိလာနိုင်တဲ့ အစိုးရဘတ်ဂျက်ထုတ်ပေးရေးအပေါ် ထိခိုက်လာစေနိုင်ကြောင်း ချာယာဝဒီက ပြောပါတယ်။

“အခြေအနေကတော့ အစိုးရသစ်ဖွဲ့စည်းရေး ဘယ်လောက်ကြာမလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။ သိပ်ကြာ လွန်းသွားရင်တော့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ယုံကြည်မှုကို ထိခိုက်နိုင်စေပါတယ်။” လု့ိ ၎င်းက ပြောပါတယ်။

မေလရွေးကောက်ပွဲကျင်းပပြီးနောက်ပိုင်း Move Forward ပါတီနဲ့ ဖီယူထိုင်းပါတီဦးဆောင်တဲ့ ရှစ်ပါတီညွန့် ပေါင်းအဖွဲ့ဟာ အထက်လွှတ်တော်အမတ်တွေရဲ့ ကန့်ကွက်မှုကြောင့် အခုအချိန်အထိ အစိုးရသစ်ဖွဲ့စည်းနိုင် ခြင်းမရှိသေးပါဘူး။

အစိုးရသစ်ကို နောက်ထပ် ၁၀ လကြာတဲ့အထိ မဖွင့်နိုင်သေးဘူးဆိုရင် အဲဒီအချိန်မှာ အထက်လွှတ်တော် သက် တမ်းကုန်ဆုံးပြီဖြစ်ကြောင်း ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင်တချို့က ပြောပါတယ်။

ဇွန်လအတွင်းက ထိုင်းပြည်ပပို့ကုန် ၅.၉% ကျဆင်းခဲ့ပေမဲ့ အခုနှစ်နှောင်းပိုင်းမှာ အခြေအနေတွေပြန်ကောင်း လာလိမ့်မယ်လို့ ထိုင်းဗဟိုဘဏ်က မျှော်လင့်ထားကြောင်း ချာယာဝဒီက ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ပြည်ပပို့ကုန်ကျဆင်းမှုဟာ နိုင်ငံတကာစီးပွားရေးကျဆင်းမှုနဲ့ တရုတ်နိုင်ငံရဲ့စီးပွားရေးပြန်လည် ကောင်းမွန်လာမှုနှေးကွေးနေတာကြောင့်ဖြစ်တယ်လို့ မှတ်ယူကြောင်း ၎င်းက ပြောပါတယ်။

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပြန်ပြီး နာလန်ထူလာတာကြောင့် စီးပွားရေးပြန်လည်ကောင်းမွန်မယ့်လမ်းကြောင်း ပေါ်ကို ရောက်ရှိလာပြီဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

ဇွန်လတစ်လတည်းမှာပဲ ကမ္ဘာလှည့်ခရီးသည် ၂.၂၄ သန်း ထိုင်းနိုင်ငံကိုရောက်ရှိလာကြောင်း၊ ခရီးသွားလာရေး ကြိုတင်လက်မှတ်မှာယူမှုများနဲ့ ဟိုတယ်ခန်းများကြိုတင်မှာယူမှုများက အခုနှစ် နောက်ပိုင်း ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း ဆက်လက်တိုးတက်နေမှာကို ညွှန်ပြနေကြောင်း ၎င်းက ပြောပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဇွန်လအတွင်း တခြားနိုင်ငံငွေကြေးတွေနဲ့ နှိုင်းယှဉ်ရင် ထိုင်းဘတ်ငွေတန်ဖိုးလျော့ ကျလာခြင်းဖြစ်ကြောင်း ချာယာဝဒီက ပြောပါတယ်။

Ref: Thai central bank warns further delay in forming govt could damage investment, confidence: The Nation


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။