Trending Now

အချုပ်ကားပေါ်ကနေ သေနတ်လုယူကာ ထွက်ပြေးသွားတဲ့ အကျည်းသားတွေထဲက သုံးဦးကို ပြန်လည်ဖမ်းဆီးရမိ၊ တစ်ဦးသေဆုံး

Spread the love

အချုပ်ကားပေါ်ကနေ သေနတ်လုယူကာ ထွက်ပြေးသွားတဲ့ အကျည်းသားတွေထဲက သုံးဦးကို ပြန်လည်ဖမ်းဆီးရမိ၊ တစ်ဦးသေဆုံး

EPN
မြစ်ကြီးနား၊ မတ် ၂

ရမည်းသင်း အကျဉ်းထောင် အချုပ်ကားပေါ်ကနေ ရဲအရာရှိတစ်ဦးရဲ့ သေနတ်ကိုလုယူကာ သေနတ်နဲ့ပစ်ခတ် ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေအနက် သုံးဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး တစ်ဦးကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ရမည်သင်းအကျဉ်းထောင်က အကျဉ်းသား ၂၀ ဦးကို နေပြည်တော်တရားရုံးက ရုံးထုတ်ပြီးအပြန် တပ်ကုန်းမြို့နယ်ထဲမှာ အချုပ်ကားအတွင်းမှာရှိတဲ့ ရဲအရာရှိတစ်ဦးရဲ့ သေနတ်ကို လုယူကာ အကျဉ်းသား ၁၀ ဦး ထွက်ပြေးဖို့ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အခင်းဖြစ်ပွားရာနေရာမှာ အကျဉ်းသားတစ်ဦးကို ရဲအရာရှိတွေက လုံးထွေးဖမ်းဆီးခဲ့တာကြောင့် တစ်ဦကို သေနတ်နဲ့အတူ ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ကိုးဦးထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်သွားခဲ့တာကြောင့် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ရှာဖွေမှုတွေလုပ်ရာ ဂွေးပင်ကျေးရွာအနီးမှာ တစ်ဦးကိုအသေဖမ်းဆီးရမိခဲ့ပြီး နှစ်ဦးကို အရှင်ပြန်လည် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ အကျဉ်းသား ခြောက်ဦးကို ပြန်လည်ဖမ်းဆီးနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး မြို့အဝင်အထွက် ဂိတ်တွေအားလုံးမှာ စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။