Trending Now

ကြံခင်းမြို့နယ်မှာ လေပြင်းတိုက်ခတ်မှုဖြစ်ပွားပြီးလူနေ အိမ် ၂ လုံးပြိုကျပြီး နေအိမ် ၃ လုံးအမိုးလန်ပျက် စီးမှုဖြစ်ပွား

Spread the love

ကြံခင်းမြို့နယ်မှာ လေပြင်းတိုက်ခတ်မှုဖြစ်ပွားပြီးလူနေ အိမ် ၂ လုံးပြိုကျပြီး နေအိမ် ၃ လုံးအမိုးလန်ပျက် စီးမှုဖြစ်ပွား

EPN
ကြံခင်း၊ မတ်လ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် သောကြာဒူးအုပ်စုတွင် ယမန်နေ့ည ၈ နာရီအချိန်က ရုတ်တရက်မိုးရွာပြီး မိုးသက်လေပြင်းတိုက်ခတ်မှုဖြစ်ပွားလို့ လူနေအိမ် ၂ လုံးပြိုကျပြီး နေအိမ် ၃ လုံးအမိုးလန်ပျက်စီး သွားတယ်လို့ သိရပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ကြံခင်းမြို့နယ်သောကြာ ဒူးအုပ်စုကရင်စုကျေးရွာကနေအိမ် ၁ လုံးကျွန်းကုန်းကျေးရွာက နေအိမ် ၁ လုံးတို့ ပြိုကျခဲ့ပြီး အောင်ပန်းကုန်းကျေးရွာက နေအိမ် ၂လုံး ကရင်စုကျေးရွာက နေအိမ် ၁ လုံးတို့ အမိုးလန်သွားတာဖြစ်တယ်လို့ သိရပါတယ်။

”ရုတ်တရက်မိုးသက်လေပြင်းတိုက်ခတ်တဲ့ဒဏ်ကြောင့်
သွပ်မိုး၊ ထရံကာလူနေအိမ် ၁ လုံး၊ သက်ကယ်မိုး၊ထရံကာလူနေအိမ် ၁ လုံးပြိုကျပျက်စီးခဲ့ပြီး သွပ်မိုး၊ ပျဉ်ကာလူနေအိမ်နှင့် သွပ်မိုး၊ အုတ်ညှပ်လူနေအိမ် ၂လုံးနဲ့ သွပ်မိုး၊ ထရံကာလူနေအိမ် ၁ လုံးအမိုးလန်ပြိုကျပျက်ဆီးသွားတယ်”လို့ အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီလေပြင်းတိုက်ခတ်တဲ့ဒဏ်ကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လေဘေးသင့်အိမ်ထောင်စု ၅ စုမှ လေဘေးသင့်ပြည်သူ စုစုပေါင်း ၉ ဦးတို့မှာ နီးစပ်ရာဆွေမျိုးများရဲ့နေအိမ်များကိုယာယီပြောင်းရွေ့နေထိုင်နေတယ်လို့ သိရပါတယ်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။